ဘဝမှာ အခက်အခဲဆုံးက
ကိုယ့်ရဲ့အထင်အမြင်၊
အိုင်ဒီယာနဲ့
ခံစားချက်တိုင်းကို
အမှန်လို့မထင်လိုက်ဖို့ပဲ။
အချိန်နဲ့အမျှ အတွေးအခေါ်၊
အိုင်ဒီယာ၊ အထင်အမြင်၊
ခံစားချက်တွေက
လူကိုလွမ်းမိုးနေတယ်။
တခါတလေ ဒါကြီးကို
အလုံးစုံအမှန်တရားလို့ထင်လိုက်တဲ့အခါ
လူက မောဟတွေများနေနိုင်တယ်။
လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။
ရလဒ်ကပဲ ကိုယ်ထင်တာ မှန်တယ်မှားတယ်
အဆုံးအဖြတ်ပေးတာ။
Phyo Paing @ Derek