အောက်ကြေးပဲ နှိုက်တတ်သူကလဲ
အောက်ကြေးထုတ်ကုန်ပဲရောင်းရတတ်တယ်။
တန်ဖိုးမြင့် စျေးကြီးထုတ်ကုန်ကို
လူကုံထံတွေကို ဘယ်လိုရောင်းရမလဲ
နားလည်သဘောပေါက်ဖို့ ခက်တတ်တယ်။
အလကားပဲရချင်သူက
အဲ့လိုလူတွေနဲ့ ပြန်ပြန်ကြုံဆုံရတတ်တယ်။
ဘဝမှာ တန်ရာတန်ကြေးပေးတတ်ဖို့လိုတယ်။
အချောင်လိုစိတ် ဖျောက်တတ်ဖို့လိုတယ်။
ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့
ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။
လူတစ်ယောက်က ဥာဏ်အရမ်းကောင်းလို့ရတယ်။
ဥာဏ်မြင့်ပြီး
စိတ်ဓာတ်မမြင့်ရင်လဲ
အမြင့်မရောက်ဘူး။
Phyo Paing @ Derek