ပညာရှာတဲ့သူတိုင်းလဲ ပညာမရသွားဘူး။
ငွေရှာတဲ့သူတိုင်းလဲ ငွေရမသွားဘူး။
တရားရှာတဲ့သူတိုင်းလဲ တရားမရသွားဘူး။
ဥာဏ်ဆိုတာ
“အမှားနဲ့ အမှန်၊
အကျိုးနဲ့ အပြစ်ကို ခွဲခြားသိမြင်နိုင်စွမ်း”။
ပညာသင်ပေမယ့် ပညာဥာဏ်မပါလာရင်
ပညာတတ်မှာမဟုတ်ဘူး။
ငွေရှာတဲ့ဥာဏ်ပါမလာရင်
အကောင်ပြလဲ အရိပ်မြင်ဖို့မလွယ်ဘူး။
ဓမ္မနဲ့တွေ့ပေမယ့်
ဓမ္မကိုနားလည်နိုင်တဲ့ဥာဏ်မပါလာရင်
နှလုံးသွင်းနိုင်မှာမဟုတ်ဘူး။
ဒါကြောင့် ဥာဏ်မြင့်ဖို့
နေ့စဉ် ပါရမီဖြည့်ဖို့လိုတယ်။
Phyo Paing @ Derek