မတူညီတဲ့ နယ်ပယ်တွေလေ့လာပါ။
မားကက်တင်းကို မားကက်တင်းလိုလေ့လာမည့်အစား
စိတ်ပညာလေးပေါင်းစပ်လိုက်မယ်၊
နည်းပညာလေးပေါင်းစပ်လိုက်မယ်၊
အတွေးအခေါ်ပညာပေါင်းစပ်လိုက်မယ်၊
ဆေးပညာမှာအသုံးပြုတဲ့ စနစ်လေးပေါင်းလိုက်မယ်။
ဒိလိုမတူညီတဲ့နယ်ပယ်တွေက
ဥပဒေသတွေ၊ အမြင်တွေနဲ့
ဖက်စုံအသုံးပြုနိုင်တဲ့အခါ
အမြင်တွေမတူတော့ဘူး။
ပိုပြီးထူးခြားလာမယ်။
ဒါကို Range လို့လဲခေါ်ပြီး
ဒီနေ့ခေတ်ကလေးတွေကို
အမြင်မကျဉ်းဖို့ သင်ပေးတဲ့
parenting စာအုပ်ကောင်းတောင်ဖြစ်လာတယ်။
AI အေအိုင်ခေတ်မှာ ဒီလို ဘက်စုံအသုံးချနိုင်မှုက
ပိုလို့တောင်အရေးကြီးလာတယ်။
မတူညီတဲ့နယ်ပယ်တွေကိုသိနိုင်ဖို့
multi-disciplinary ကနေ
မတူညီတဲ့နယ်ပယ်က ဥပဒေသတွေကို
ပေါင်းစပ်အသုံးပြုနိုင်ဖို့ interdisciplinary ကနေ
မတူညီတဲ့နယ်ပယ်ကတစ်ခုကို
တခြားနယ်ပယ်မှာ ပုံမှန်ယူဆမှုထက်ကျော်ပြီးအသုံးပြုနိုင်ဖို့
transdisciplinary တွေလိုတယ်။
Phyo Paing @ Derek