လူတိုင်းက သူ့ကံနဲ့သူလာပြီးသား။
ဒီကံကို မြင်ဖို့ ဥာဏ်လိုတယ်။
ဝိရိယလိုတယ်။
တချို့က တောင့်တစရာကိုမလိုဘူးပြည့်စုံတယ်။
တချို့က တောင့်တလိုက်ရုံနဲ့ပြည့်စုံတယ်။
တချို့က တောင့်တကြိုးစားရတယ်။
တချို့က ဖြစ်ချင်တာဖြစ်ဖို့ တော်တော်ကြိုးစားယူရတယ်။
တချို့က ကြိုးစားရင်တောင် တော်တော်ခက်ခဲတယ်။
ဘယ်သူပိုကောင်းတယ်၊
ပိုဆိုးတယ်ဆိုတာထက်
ယူတတ်ရင် ဘယ်ဘဝဖြစ်ဖြစ်
သဘောတရားတွေကို တွေ့လာနိုင်တယ်။
အဆိုးဆုံးထဲမှာလဲ အကောင်းဆုံးတွေရှိတယ်။
အကောင်းဆုံးထဲမှာလဲ အဆိုးဆုံးတွေရှိတယ်။
ကိုယ့်ဘဝရဲ့ အကြီးဆုံးပြဿနာက
အကောင်းဆုံး ကောင်းချီးလဲဖြစ်နိုင်တယ်။
Phyo Paing @ Derek