ကျေးဇူးတင်တတ်တဲ့စိတ်က
စိတ်ပြဿနာအများစုကို
ကုသပေးတဲ့ မာစတာကီးပဲ။
ဘာလို့လဲဆိုတော့ Gratitude
ကျေးဇူးတင်ခြင်းဟာ
စိတ်အာရုံကို
‘မပြည့်စုံမှု’ (Scarcity) ဆီကနေ
‘ပြည့်စုံမှု’ (Abundance) ဆီကို
ချက်ချင်း လှည့်ပြောင်းပေးနိုင်တဲ့
စွမ်းအားရှိလို့ ဖြစ်ပါတယ်။
၁။ အတိတ်ရဲ့ ဒဏ်ရာတွေကနေ လွတ်မြောက်စေခြင်း
တစ်ခါတလေ အတိတ်က နာကျင်မှုတွေ၊
ဆုံးရှုံးမှုတွေကိုပဲ ထပ်ခါတလဲလဲ
စဥ်းစားပြီး စိတ်ညစ်နေတတ်ကြပါတယ်။
Gratitude က အဲ့ဒီနာကျင်မှုတွေကြားထဲက
‘ရလိုက်တဲ့ သင်ခန်းစာ’ နဲ့
‘ကျန်ရှိနေသေးတဲ့ အခွင့်အရေး’ ကို
မြင်အောင် ကြည့်ခိုင်းပါတယ်။
“ဒီလိုဖြစ်သွားလို့ ငါ ဒါကို သိလိုက်ရတာပဲ” ဆိုတဲ့
ကျေးဇူးတင်စိတ်က နာကျည်းမှုကို
ကုသပေးတဲ့ အကောင်းဆုံးဆေးဖြစ်ပါတယ်။
၂။ ‘ငါပဲ ခံရတယ်’ ဆိုတဲ့
Victim Mindset ကို ဖျက်ဆီးခြင်း
စိတ်ပြဿနာတော်တော်များများက
“ငါ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ” ဆိုတဲ့
ကိုယ့်ကိုယ်ကိုယ် သနားတဲ့စိတ်ကနေ
မြစ်ဖျားခံပါတယ်။
ကျေးဇူးတင်တတ်တဲ့စိတ် ရှိလာတဲ့အခါ
ကိုယ့်ဆီမှာ ရှိနေတဲ့ သေးငယ်တဲ့အရာလေးတွေ
(ဥပမာ- ကျန်းမာနေတာ၊
ဘေးမှာ လူယုံရှိတာ၊
အသက်ရှူနေရတာ) ကို တန်ဖိုးထားတတ်လာပြီး
Victim (အနစ်နာခံရသူ) ဘဝကနေ
Victor (အောင်နိုင်သူ) ဘဝကို
စိတ်ပိုင်းဆိုင်ရာ ကူးပြောင်းသွားစေတယ်။
၃။ နှိုင်းယှဥ်ခြင်းရဲ့ အဆိပ်ကို ဖြေပေးခြင်း
ဒီနေ့ခေတ်မှာ လူတွေ စိတ်ဆင်းရဲရတဲ့
အဓိကအကြောင်းရင်းက တခြားသူတွေနဲ့
နှိုင်းယှဥ်တာကြောင့်ပါ။
တခြားသူမှာ ရှိတာကို ကြည့်ပြီး
အားကျမလိုနဲ့ မနာလိုဖြစ်တာ၊
ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်တာတွေကို
Gratitude က ဟန့်တားပေးပါတယ်။
“သူ့မှာ ဒါရှိသလို၊ ငါ့မှာလည်း ငါ့ရဲ့ ခရီးလမ်းနဲ့
ငါ့ရဲ့ အောင်မြင်မှုလေးတွေ ရှိနေတာပဲ” လို့
ကျေးဇူးတင်တတ်လာရင် စိတ်ထဲမှာ
ငြိမ်းချမ်းမှု ချက်ချင်းရပါတယ်။
၄။ ဆက်ဆံရေး တံခါးများကို ပွင့်စေခြင်း
(Gratitude in Relationship)
စီးပွားရေးမှာပဲဖြစ်ဖြစ်၊ မိသားစုမှာပဲဖြစ်ဖြစ်
ကျေးဇူးတင်တတ်တဲ့သူဟာ
ဆွဲဆောင်မှုအရှိဆုံးသူ ဖြစ်ပါတယ်။
Empathy တစ်ဖက်လူရဲ့ ကူညီမှုကို
အသိအမှတ်ပြုခြင်းက မေတ္တာကို တိုးစေတယ်။
Lowering Ego “ငါ့တော်လို့ ငါဖြစ်တာ” ဆိုတဲ့
မာန်မာနထက် “လူအများရဲ့ ကူညီမှုကြောင့်
ငါဒီနေရာရောက်တာ” ဆိုတဲ့
နှိမ့်ချတဲ့ ကျေးဇူးတင်စိတ်က
ပိုပြီး ခိုင်မာတဲ့ Network ကို တည်ဆောက်ပေးပါတယ်။
၅။ နေ့စဥ်ဘဝရဲ့ Master Key အဖြစ် အသုံးပြုနည်း
ကျေးဇူးတင်စိတ်ကို စိတ်ကူးထဲမှာပဲ
မထားဘဲ Practical ဖြစ်အောင် လုပ်ဖို့က
ပြဿနာထဲက အကောင်းကို ရှာတာပဲ။
အခက်အခဲ ကြုံတိုင်း
“ဒါက ငါ့ကို ဘာသင်ပေးဖို့ လာတာလဲ” လို့
မေးခွန်းထုတ်ပြီး အဖြေကို ကျေးဇူးတင်ကြည့်ပါ။
ကြုံတွေ့ရတဲ့ လူတိုင်း၊
အဖြစ်အပျက်တိုင်းဟာ
ကိုယ့်ရဲ့ ရင့်ကျက်မှုအတွက် လာပေးတဲ့
လက်ဆောင်တွေလို့ သတ်မှတ်ကြည့်လိုက်ပါ။
Phyo Paing @ Derek