Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နေ့ရက်တိုင်းက သံသရာအတွက်
ပါရမီဖြည့်လို့ရတဲ့ အခွင့်အလမ်းပဲ။

အချိန်တွေ ဘယ်လောက်ကုန်မြန်လဲဆို
ကြည့်။
အခုပဲ ၂၃ ရက်ရှိသွားပြီ။
မကြာမီ Jan ကုန်၊ Feb ကုန်။
နောက် ၂၀၂၆ ကုန်မယ်။

နေ့ရက်တိုင်းက သံသရာအတွက်
ပါရမီဖြည့်လို့ရတဲ့ အခွင့်အလမ်းပဲ။

ပါရမီဆိုတာ
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့
မြတ်သောအသိဉာဏ် (မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်) ရရှိဖို့
ကျင့်ကြံအားထုတ်ရသော
မြင့်မြတ်သောအကျင့်တွေဖြစ်တယ်။

ပါရမီပါရင်
ဘုရားရှင်ဆီ တရားတစ်ခွန်းပဲနာပြီး
ရဟန္တာဖြစ်သွားတဲ့ ဥပမာတွေအများကြီး
ကြားဖူးသိဖူးလိမ့်မယ်။

သံသရာအတွက် ရိက္ခာအနေနဲ့စုဖို့
ပါရမီဖြည့်။
ကိလေသာမီးငြိမ်းပြီး
ဉာဏ်အလင်းရစေတယ်။

ပါရမီဆယ်ပါးက ဘဝကို ဖြတ်သန်းဖို့ လမ်းပြမြေပုံလိုပဲ။
ဒါကို ဘယ်လိုဖြည့်ဆည်းကြမလဲ။

၁။ ဒါနပါရမီ (Generosity)
ပေးကမ်းလှူဒါန်းခြင်း။
ကိုယ်မှာရှိတာ ပေးလိုက်ပါ။
ပစ္စည်းဖြစ်ဖြစ်၊ အချိန်ဖြစ်ဖြစ်၊ အသိပညာဖြစ်ဖြစ်။
စေတနာသန့်ရင် တန်ဖိုးရှိတယ်။

၂။ သီလပါရမီ (Morality)
ကိုယ်ကျင့်တရားစောင့်ထိန်းခြင်း။
ငါးပါးသီလ မြဲမြံအောင်ထိန်းပါ။
ကိုယ်၊ နှုတ်၊ စိတ် သုံးခုလုံးကို ထိန်းနိုင်မှ တကယ့်သီလပဲ။

၃။ နိက္ခမ္မပါရမီ (Renunciation)
ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း။
လောကီအာရုံတွေကို စွဲလန်းနေရင်
လွတ်မြောက်မှာမဟုတ်ဘူး။
တရားစခန်းဝင်တာ၊ ရဟန်းဝတ်တာ၊
ဒါမှမဟုတ် နေ့စဉ်ဘဝမှာ attachment လျှော့ချတာ။

၄။ ပညာပါရမီ (Wisdom)
အမှားအမှန် ခွဲခြားသိမြင်ခြင်း။
ဗဟုသုတရှာပါ။ တရားဓမ္မ လေ့လာပါ။
ဝိပဿနာဉာဏ်နဲ့ အရာရာရဲ့
သဘောသဘာဝကို ဆင်ခြင်ပါ။

၅။ ဝီရိယပါရမီ (Energy)

မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။
ကောင်းမှုကုသိုလ်လုပ်ရာမှာ ပျင်းမနေနဲ့။
ဇွဲရှိရှိ ဆောင်ရွက်ပါ။

၆။ ခန်တီပါရမီ (Patience)
သည်းခံခြင်း။
ဆဲဆိုခံရတာ၊ နာကျင်ရတာ၊ လောကဓံတရားတွေနဲ့ တွေ့ရတာ။
ဒေါသမထွက်ဘဲ စိတ်ကို တည်ငြိမ်အောင်ထားနိုင်မှ ခန္တီပဲ။

၇။ သစ္စာပါရမီ (Truthfulness)
မှန်ကန်စွာ ပြောဆိုခြင်း။
ကတိတည်ပါ။ မုသားမပြောပါနဲ့။
ပြောသည့်အတိုင်း လိုက်နာကျင့်ကြံပါ။

၈။ အဓိဋ္ဌာန်ပါရမီ (Determination)
ခိုင်မာသော ဆုံးဖြတ်ချက်ချခြင်း။
ကောင်းမှုတစ်ခု ပြုလုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီ။
အခက်အခဲရှိရှိ မပျက်မကွက် လုပ်ဆောင်ပါ။

၉။ မတ်ေတာပါရမီ (Loving-kindness)
သတ္တဝါအပေါင်းအပေါ် အေးမြသော စိတ်ထားခြင်း။
ရန်သူ၊ မိတ်ဆွေ မခွဲခြားနဲ့။
အားလုံးအပေါ် ကောင်းကျိုးလိုလားတဲ့ စိတ်နဲ့ ဆက်ဆံပါ။

၁၀။ ဥပေက္ခာပါရမီ (Equanimity)
လောကဓံတရားများအပေါ် အစွန်းမရောက်ဘဲ တည်ငြိမ်ခြင်း။
ကောင်းတာ၊ ဆိုးတာ၊ ချီးမွမ်းတာ၊ ကဲ့ရဲ့တာ။
ဝမ်းသာဝမ်းနည်း မဖြစ်ဘဲ
အလယ်အလတ်လမ်းစဉ်မှာ စိတ်ကို ထားနိုင်မှ ဥပေက္ခာပဲ။

Phyo Paing @ Derek

Share Your Idea!​