လူအများစုရဲ့ ပြဿနာအရင်းခံက
စိတ်မရှည်တာပဲ။
တစ်ခုခုဆို မြန်မြန်လိုချင်တယ်။
စိတ်ခံစားမှု ရှေ့တန်းတင်တယ်။
ခဏတာ ကျဆုံးတာမခံနိုင်ဘူး။
အထင်အမြင်လွဲတာကို
ချက်ချင်းဖြေရှင်းချင်တယ်။
ဘိုးဘေးတွေ ဆုံးမတာကတော့
အလုပ်ကြီးတစ်ခုကို ဖြစ်ဖြစ်မြောက်မြောက်လုပ်ဖို့
Strategic Patience 战略耐心
မဟာဗျူဟာကျကျ စိတ်ရှည်မှုလိုတယ်။
ရေရှည်ရည်မှန်းချက်တစ်ခုအတွက်
စည်းကမ်းရှိရှိ၊ စိတ်ရှည်ရှည်
အားသာချက်တွေကို တိုးတက်အောင်လုပ်ပြီး
လုပ်ရင်းစောင့်တာ။
လူတချို့က ကိုယ့်ကိုကံပိုကောင်းလိမ့်မယ်။
တချို့က ဥာဏ်ပိုကောင်းလိမ့်မယ်။
ဒါပေမယ့် ဆယ်နှစ်၊
နှစ်နှစ်ဆယ်ကစားရတဲ့ပြိုင်ပွဲမှာ
ဒီလူတွေ ဒီလောက်ဇွဲရှိမှာမဟုတ်ဘူး။
Phyo Paing @ Derek