အသုံးဝင်အောင်လုပ်။
လူတွေက တန်ဖိုးထားခံချင်တယ်။
အသုံးဝင်အောင်တော့လုပ်ဖို့မေ့တတ်တယ်။
ကိုယ်ကစျေးကွက်အတွက်
အသုံးဝင်ရင်
စျေးကွက်က တန်ဖိုးထားလိမ့်မယ်။
မိသားစုအတွက် အသုံးဝင်ရင်
မိသားစုက တန်ဖိုးထားလိမ့်မယ်။
လူတွေအတွက် အသုံးဝင်ရင်
လူတွေက တန်ဖိုးထားလိမ့်မယ်။
ဒါကြောင့် ခံစားချက်တွေနဲ့
လူတွေက ဘာဖြစ်တယ်၊
ညာဖြစ်တယ်
မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်။
လောကကြီးက တရားရစရာကောင်းတယ်။
အများကြီးစဥ်းစားမနေနဲ့။
ကိုယ်ကအသုံးဝင်ရင်
နေရာပေးခံရမှာပဲ။
အသုံးမဝင်တော့ရင်
နေရာမပေးခံရတော့ဘူး။
ဒါက လောကသဘာဝပဲ။
Phyo Paing @ Derek