Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတိုင်းမှာ Dark Side ရှိတယ်

လူတိုင်းမှာ အမှောင်ဖက်ခြမ်းရှိတယ်။
ကိုယ်တိုင်လည်း သိတယ်။
ဝန်မခံချင်တာပဲရှိမယ်။

တစ်ခါတလေ –
လူတစ်ယောက် အဆင်မပြေတာမြင်ရင် ကျေနပ်မိတာမျိုး။
ကူညီချင်တဲ့ဟန်ဆောင်ပြီး ကိုယ့်အကျိုးအတွက် လုပ်မိတာမျိုး။
ချစ်တယ်ပြောပြီး ထိန်းချုပ်ချင်တာ ဖြစ်နေတာမျိုး။

ဒါတွေ လူတိုင်းမှာ ရှိတတ်တယ်။
ကိုယ့်မှာလည်း ရှိတယ်။

Carl Jung က Shadow လို့ ခေါ်တယ်။
ကိုယ့်အထဲက ဖုံးကွယ်ထားတဲ့ အပိုင်း။

ပြဿနာက –
Dark side ရှိတာ မဟုတ်ဘူး။
မသိချင်ယောင်ဆောင်တာ။

“ငါက ဒီလိုလူမျိုးမဟုတ်ဘူး” လို့ ပြောလေ –
Shadow က ပိုကြီးလာလေပဲ။

ဘာလုပ်ရမလဲ။

ဝန်ခံလိုက်။

“ငါ့မှာလည်း ဂုဏ်ပြိုင်စိတ် ရှိတယ်။”
“ငါလည်း တစ်ခါတလေ အတ္တကြီးတယ်။”
“ငါလည်း လူကို judge လုပ်မိတယ်။”

ဝန်ခံလိုက်ရင် –
အင်အားပျောက်သွားတယ်။
ထိန်းချုပ်လို့ ရလာတယ်။

အမှောင်ကို ဖျောက်လို့မရဘူး။
ဒါပေမယ့် အလင်းနဲ့ ဟန်ချက်ညီအောင် နေလို့ရတယ်။

လူကောင်းဆိုတာ –
Dark side မရှိတဲ့သူ မဟုတ်ဘူး။

Dark side ကို သိပြီး –
အနိုင်မခံတဲ့သူ။

အသက်ကြီးလေ ကိုယ်တွယ်နိုင်လေ
ဖြစ်ဖို့လိုလာမှာပဲ။

Phyo Paing @ Derek

Share Your Idea!​