ရေ ဖြစ်ပါ
老子 (Lao Tzu) ပြောခဲ့တယ်
“ကမ္ဘာပေါ်မှာ အပျော့ပြောင်းဆုံး အရာက ရေ
ဒါပေမဲ့ အမာဆုံး အရာကို ဖြတ်နိုင်တယ်”
上善若水
အမြင့်မြတ်ဆုံး ကောင်းမှု ရေနဲ့ တူတယ်
ရေ က ဘာလုပ်လဲ
အတားအဆီး ရှိရင် တိုက်ခိုက်တာ မဟုတ်ဘူး
ပတ်သွားတယ်
ခွက်ထဲ ထည့်ရင် ခွက်ပုံစံ ဖြစ်တယ်
ပုလင်းထဲ ထည့်ရင် ပုလင်းပုံစံ ဖြစ်တယ်
ဒါ အားနည်းတာလား
မဟုတ်ဘူး
ဒါ အားအကောင်းဆုံး ပုံစံ
ကမ္ဘာ့ အကြီးမားဆုံး မြစ်ကြီးတွေ ကြည့်ပါ
Grand Canyon ကို ဖန်တီးခဲ့တာ ဘာလဲ
ရေ
ကျောက်တုံး မဟုတ်ဘူး
ဓားလည်း မဟုတ်ဘူး
ရေ
ပျော့ပျောင်းတဲ့ ရေက
မာကျောတဲ့ ကျောက်ကို ဖြတ်ခဲ့တယ်
ဘယ်လိုလဲ
အချိန်နဲ့
ညီညွတ်မှုနဲ့
မရပ်မနားနဲ့
ဒါ ကိုယ့်ဘဝ အတွက် ဘာ သင်ခန်းစာလဲ
— ၁။ ပျော့ပြောင်းပါ —
ဘဝမှာ plan အတိုင်း မဖြစ်ရင်
ကျိုးသွားတဲ့သူ ရှိတယ်
ပတ်သွားတဲ့သူ ရှိတယ်
ကျိုးသွားတဲ့သူ — “ဒီလိုပဲ ဖြစ်ရမယ်” ဆိုပြီး တွန်းတယ်
မရရင် ပြိုကျတယ်
ပတ်သွားတဲ့သူ — “ဒီလမ်း မရရင် နောက်လမ်း ရှာမယ်”
ရှေ့ ဆက်ရောက်တယ်
သစ်ပင်ကို ကြည့်ပါ
မာတဲ့ အကိုင်းက မုန်တိုင်းမှာ ကျိုးတယ်
ပျော့တဲ့ အကိုင်းက ညွတ်တယ် ပြီးတော့ ပြန်ထတယ်
— ၂။ နိမ့်ပါ —
ရေ အမြဲ နိမ့်ရာကို စီးတယ်
ဒါကြောင့် ရေ အမြဲ ပြည့်တယ်
မြင့်ရာကို တက်ချင်တဲ့သူ
အမြဲ ဗလာ ဖြစ်နေတယ်
နိမ့်ချတဲ့သူ
အမြဲ ပြည့်နေတယ်
ကိုယ် ဘာသိတယ် ပြဖို့ ကြိုးစားနေတုန်း
ကိုယ် ဘာမှ မသင်နိုင်ဘူး
“ငါ မသိဘူး” ပြောဝံ့တဲ့ အချိန်
ဒါ ကိုယ် အသိဆုံး အချိန်
— ၃။ အကျိုးပြုပါ —
ရေ ဘာလုပ်လဲ
သွားတဲ့ နေရာတိုင်း ကို အသက်ပေးတယ်
သစ်ပင်ကို ရေ ပေးတယ်
မြေကို ရေ ပေးတယ်
တိရစ္ဆာန်ကို ရေ ပေးတယ်
ဒါပေမဲ့ ဘာမှ ပြန်မတောင်းဘူး
ဘာမှ ပြန်မယူဘူး
ပေးပြီး ဆက်စီးတယ်
ကိုယ့်ဘဝမှာ
ယူဖို့ ကြိုးစားနေလား
ပေးဖို့ ကြိုးစားနေလား
ယူတဲ့သူ ဆီ လူတွေ မလာဘူး
ပေးတဲ့သူ ဆီ လူတွေ အလိုလို လာတယ်
— ၄။ မရပ်နဲ့ —
ရေ ဘယ်တော့မှ မရပ်ဘူး
ရပ်ရင် ပုပ်တယ်
စီးနေတဲ့ ရေ သန့်တယ်
ရပ်နေတဲ့ ရေ ပုပ်တယ်
ကိုယ့်ဘဝလည်း အတူတူ
ဘာမှ မလုပ်ဘဲ ရပ်ထားရင်
ကိုယ့်စိတ် ပုပ်တယ်
ကိုယ့်အတွေး ပုပ်တယ်
ကိုယ့်ဘဝ ပုပ်တယ်
လှုပ်ရှားပါ
စီးဆင်းပါ
ဘယ်ဆီ ဆိုတာ အတိအကျ မသိရင်တောင်
စီးပါ
လမ်းက ပေါ်လာမယ်
ရေ အမြဲ လမ်းရှာတယ်
— ၅။ ယှဉ်ပြိုင်မှု မလိုပါဘူး —
ရေ ဘယ်သူနဲ့မှ မယှဉ်ဘူး
ဘယ်သူမှ မလိုချင်တဲ့ နိမ့်ဆုံး နေရာကို ယူတယ်
ဒါကြောင့် ဘယ်သူနဲ့မှ ရန်မဖြစ်ဘူး
ဒါကြောင့် ဘယ်သူမှ ရေကို မမုန်းဘူး
ကိုယ့်ဘဝမှာ
ဘယ်သူ့ထက် သာချင်တယ် ဆိုတဲ့ စိတ်
ဒါ ကိုယ့်ကို ပင်ပန်းစေတဲ့ အရာ
ကိုယ့် flow ကို ရှာပါ
ကိုယ့် path ကို စီးပါ
သူများနဲ့ ယှဉ်စရာ မလိုဘူး
Lao Tzu ပြောတယ်
“ရေနဲ့ တူတဲ့သူ ဘယ်သူနဲ့မှ မယှဉ်ဘူး
ဒါကြောင့် ဘယ်သူမှ သူ့ကို မနိုင်ဘူး”
ဒီနေ့ ကိုယ့်ကိုယ်ကိုယ် မေးပါ
ကိုယ် ကျောက်တုံး ဖြစ်နေလား ရေ ဖြစ်နေလား
မာနေလား ပျော့ပြောင်းနေလား
တွန်းနေလား စီးနေလား
တိုက်ခိုက်နေလား ပတ်သွားနေလား
ရေ ဖြစ်ပါ
ပျော့ပါ
နိမ့်ပါ
ပေးပါ
စီးပါ
ပျော့ပျောင်းခြင်းနဲ့
ရေက ကမ္ဘာကို အနိုင်ယူခဲ့တယ်။
ရေလိုကျင့်ပါ။
Phyo Paing @ Derek