Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပိုသင်ပါ။ လျော့မသင်ပါနဲ့။ဒါပေမယ့် ယခုခေတ်မှာ တကယ်အရေးကြီးတာကို သင်ပါ။

“AI ခေတ်မှာ သင်ယူစရာမလိုတော့ဘူး။
AI က လုပ်ပေးမှာ။”

ဒီစကား ခဏခဏ ကြားနေရတယ်။
ကိုယ်ကတော့ ဒါ အန္တရာယ်ကြီးတဲ့ အထင်လွဲမှုလို့ မြင်တယ်။

သင်ယူမှုက အရင်ကထက် ပိုအရေးကြီးလာတယ်။
လျော့သွားတာ မဟုတ်ဘူး။

AI က technical skill တွေကို အစားထိုးနေပြီ။
Excel, coding, data analysis,
strategic plan တောင် စက္ကန့်ပိုင်းနဲ့ ထွက်လာတယ်။

ကိုယ့်တန်ဖိုးက tool တစ်ခု သုံးတတ်တာပဲ ဆိုရင်
ပြဿနာ ရှိပြီ။
ဘာလို့လဲဆိုတော့ tool က သူ့ဘာသာ သုံးတတ်သွားပြီ။

ဒါပေမယ့် ဘယ်သူမှ မပြောတာ တစ်ခုရှိတယ်။

AI က “ဘယ်လို” ကို ကိုင်တွယ်ပေးတယ်။
“ဘာကြောင့်” ကိုတော့ နားမလည်ဘူး။

AI က marketing funnel ကို ၅ မိနစ်နဲ့ တည်ဆောက်ပေးနိုင်တယ်။
ဒါပေမယ့် လူတွေ ဘာကြောင့်ဝယ်တယ်ဆိုတာ မနားလည်ရင်
လှပတဲ့ funnel တစ်ခုက ဘာမှ မရောင်းရဘူး။

AI က business strategy ရေးပေးနိုင်တယ်။
ဒါပေမယ့် ပြိုင်ဆိုင်မှုဘယ်လိုအလုပ်လုပ်လဲ
လူ့စိတ်ဘယ်လိုရွေ့လဲ
market timing ဘယ်လိုဖမ်းလဲ မသိရင်
သေနေတဲ့ plan ကို ပိုမြန်မြန် execute လုပ်ရုံပဲ။

Robert Katz က ဒါကို ဆယ်စုနှစ်များစွာကတည်းက ချပြခဲ့တယ်။
skill သုံးမျိုး ရှိတယ်။

Technical skills — ဘယ်လိုလုပ်မလဲ။
Human skills — လူနဲ့ ဘယ်လို ဆက်ဆံမလဲ။
Conceptual skills — ဘာကြောင့် အလုပ်လုပ်တာလဲ။

AI က technical skills ကို အစားထိုးပြီးပြီ။
ဒါ ပြီးသွားပြီ။

ဒါပေမယ့် human skills?
စိတ်ခံစားချက်ပြင်းတဲ့ business partner နဲ့
ChatGPT သုံးပြီး negotiate လုပ်ကြည့်ပါ။
အစည်းအဝေးခန်းထဲ ဝင်ပြီး အရိပ်အကဲဖတ်ကြည့်ပါ။
ကိုယ့်ကို မကြိုက်လို့ ဆုံးဖြတ်ပြီးသားလူကို
စိတ်ပြောင်းအောင် လုပ်ကြည့်ပါ။
ပြိုကွဲနေတဲ့ team ကို ပြန်ရှင်သန်အောင် လုပ်ကြည့်ပါ။
အေအိုင်အစားထိုးဖို့မလွယ်ပါဘူး အားတီ၊ အားမေတို့။

Conceptual skills?
ကိုယ့်လုပ်ငန်း တကယ်ဘာကြောင့် ကျဆင်းနေတာလဲ
လက္ခဏာ မဟုတ်ဘူး — အမြစ်ကိုရှာ
စိတ်ပညာ၊ စီးပွားရေးပညာ၊ marketing၊ လူ့အပြုအမူ
ဒါတွေ တစ်ပြိုင်နက် မြင်နိုင်မှ ရမယ့်အရာပါ။

ဒါတွေက prompt ရိုက်လို့ ရတာ မဟုတ်ဘူး။
သင်ယူမှ ရတာ။

အနာဂတ်က ဘာသာရပ်ပေါင်းစုံ စဥ်းစားနိုင်သူတွေရဲ့ ခေတ်။
နယ်ပယ်တစ်ခုထဲ နက်နက်ရှိုင်းရှိုင်း တတ်တဲ့သူ မဟုတ်ဘူး။
နယ်ပယ် ၅ ခုကနေ ဆွဲထုတ်ပြီး ပေါင်းစပ်နိုင်တဲ့သူ။

စိတ်ပညာ နဲ့ marketing ဆုံတယ်။
နည်းပညာ နဲ့ ပညာရေး ဆုံတယ်။
ဒဿနိက နဲ့ စီးပွားရေး ဆုံတယ်။

ရင်ဆိုင်ရမယ့် ပြဿနာတွေက အသစ်တွေ။
အမျိုးအစားတစ်ခုထဲ မကျဘူး။
AI optimize လုပ်ပေးနိုင်တဲ့ အစိတ်အပိုင်း မဟုတ်ဘူး။
စနစ်တစ်ခုလုံးကို မြင်နိုင်တဲ့သူ လိုတယ်။

World Economic Forum ရဲ့ 2025 report မှာ
အရေးအကြီးဆုံး skill တွေက
analytical thinking, resilience, leadership,
curiosity နဲ့ lifelong learning။
အကုန်လုံး လူ့ skill။
အကုန်လုံး conceptual skill။

ဒါကြောင့် AI ခေတ်မှာ သင်ယူမှုရပ်ဖို့ မဟုတ်ဘူး။
မှားနေတာတွေ သင်ယူမှုကို ရပ်ဖို့။

အလွတ်ကျက် လျော့ပါ။ နားလည်မှု တိုးပါ။
ဘယ်လိုလုပ်မလဲ လျော့ပါ။ ဘာကြောင့်အလုပ်လုပ်လဲ တိုးပါ။
အထူးပြု လျော့ပါ။ ပေါင်းစပ် တိုးပါ။

AI က ပိုမြန်စေတယ်ဆိုပြီး လူတိုင်းပျော်နေကြတယ်။
ဒါပေမယ့် ဘာကို ပိုမြန်တာလဲ?

အခြေခံ မနားလည်ရင်
အမှားတွေကို ပိုကြီးတဲ့ scale နဲ့ လုပ်နေတာပဲ။

ပိုသင်ပါ။ လျော့မသင်ပါနဲ့။
ဒါပေမယ့် ယခုခေတ်မှာ တကယ်အရေးကြီးတာကို သင်ပါ။

Phyo Paing @ Derek

Share Your Idea!​