Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စေတနာ ကောင်းတယ်။ဒါပေမယ့် နယ်နိမိတ်မဲ့ စေတနာကကိုယ့်ကိုကိုယ် ဖျက်ဆီးပါတယ်။

စေတနာ ဝေဒနာ ဖြစ်ဖူးလား။

ကူညီချင်လို့ ကူညီတယ်။
ပေးချင်လို့ ပေးတယ်။
ကောင်းစေချင်လို့ ပြောတယ်။

ပြီးတော့ ကိုယ်ပဲ နာသွားတယ်။

သူငယ်ချင်းကို ငွေချေးတယ်။ စေတနာနဲ့။
ပြန်တောင်းရတော့ ကိုယ်က လူဆိုးဖြစ်သွားတယ်။

Team အတွက် ညမအိပ်ဘဲ လုပ်ပေးတယ်။
ကျေးဇူးတင်တဲ့သူ တစ်ယောက်မှ မရှိဘူး။

ဝန်ထမ်းကို ယုံကြည်မှုအပြည့်ပေး
အလုပ်အကုန် အပ်လိုက်တယ်။
သူ မပြောမဆို ထွက်သွားတော့
ဒုက္ခတွေရောက်တယ်။

ပြီးတော့ ကိုယ့်ကိုကိုယ် မေးမိတယ်။
“စေတနာ ထားတာ မှားသွားတာလား”

မမှားပါဘူး။
စေတနာ ထားပုံ မှားသွားတာပါ။

စေတနာ ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း ၃ ခု ရှိပါတယ်။

ပထမ — နယ်နိမိတ် မရှိဘူး။

ပေးတယ်။
ဒါပေမယ့် ဘယ်လောက်ထိ ပေးမလဲ
သတ်မှတ်မထားဘူး။
ကူညီတယ်။
ဒါပေမယ့် ဘယ်အထိ ကူညီမလဲ မပြောထားဘူး။

နယ်နိမိတ် မရှိတဲ့ စေတနာက
ကိုယ့်ကိုကိုယ် ဒုက္ခပေးတာပါ။
ဝေဒနာတွေပဲ ကျန်တယ်။

ဒုတိယ — ပြန်လည်တုံ့ပြန်မှု မျှော်တယ်။

“ကိုယ် ဒီလောက် လုပ်ပေးတာ သူတို့ သိသင့်တယ်”
ဒီစိတ်ရှိတာနဲ့ — ဒါ စေတနာ အစစ် မဟုတ်တော့ပါဘူး။
ဒါ ကုန်သွယ်မှုပါ။
ပေးတယ် ပြန်ရချင်တယ်။

စေတနာ အစစ်ဆိုတာ ပြန်မရလည်း ကိစ္စမရှိတာပါဘူး။
ဒါပေမယ့် ကိုယ့်ဘာသာ ကုန်ခမ်းသွားအောင်
ပေးတာတော့
အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။

တတိယ — “ငါ မရှိရင် မဖြစ်ဘူး” ယုံကြည်ချက်။

ဒါ စေတနာလို့ ထင်ရပေမယ့်
တကယ်က significance (အရေးပါမှု) လိုချင်တာ
ဖြစ်နိုင်ပါတယ်။
“ငါ ကူညီမှ ဖြစ်မယ်” ဆိုတဲ့ ခံစားချက်က
ကိုယ့်ကိုကိုယ် အရေးပါသလို ခံစားရစေပါတယ်။

ဒါ Rescuer game ပါ။
ကယ်ရင်း ကိုယ်ပဲ နစ်သွားတယ်။

ဒါဆို ဘယ်လို လုပ်မလဲ။

စေတနာ ထားပါ။ ဒါ ကောင်းပါတယ်။​

ဒါပေမယ့်
နယ်နိမိတ် ချပါ။
“ဒီလောက်ထိ ကူညီမယ်။
ဒီထက် ကျော်ရင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်ပြီ”
ဒါ ရက်စက်တာ မဟုတ်ပါဘူး။
ဒါ ကိုယ့်ကိုကိုယ် လေးစားတာပါ။

ပြန်လည်တုံ့ပြန်မှု မမျှော်ပါနဲ့။
ပေးချင်လို့ ပေး။ ပြီးရင် လွှတ်။
ပြန်ရရင် bonus။ မရရင် ကိစ္စမရှိ။

“ငါ မရှိရင် မဖြစ်ဘူး” ဆိုတာ စစ်ပါ။
တကယ် စေတနာလား။
significance လိုချင်တာလား။
ရိုးရိုးသားသား ပြန်ကြည့်ပါ။

စေတနာ ကောင်းတယ်။
ဒါပေမယ့် နယ်နိမိတ်မဲ့ စေတနာက
ကိုယ့်ကိုကိုယ် ဖျက်ဆီးပါတယ်။

Phyo Paing @ Derek

Share Your Idea!​