Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီနေ့ တစ်ခုခု စမ်းကြည့်ပါ။မနက်ဖြန် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်လာလိမ့်မယ်။

စမ်းသပ်မှုမှ တွေ့ရှိမှုသို့

မှန်တာကို လုပ်ချင်လို့
ဘာမှ မလုပ်ဘဲနေတဲ့သူ အများကြီးပဲ။

ဒါပေမယ့်
မှန်တာဆိုတာ
စမ်းကြည့်မှ သိတာ။

ကလေးတစ်ယောက် လမ်းလျှောက်တတ်ဖို့
ဘယ်နှစ်ကြိမ် လဲရသလဲ။

သူ လဲတိုင်းမှာ
“ငါ လမ်းလျှောက်ဖို့ မဖြစ်နိုင်ဘူး” လို့
တစ်ခါမှ မထင်ခဲ့ဘူး။

လဲတာက ရှုံးတာ မဟုတ်ဘူး။
လဲတာက သင်ခန်းစာ။

စီးပွားရေးမှာလဲ အတူတူပဲ။

ပထမဆုံးအကြိမ် မှန်ဖို့ မလိုဘူး။
ပထမဆုံးအကြိမ် စမ်းဖို့ပဲ လိုတယ်။

စမ်းတဲ့သူက အတွေ့အကြုံရတယ်။
ထိုင်ကြည့်တဲ့သူက အထင်ပဲရတယ်။

ဘုရားရှင်ကိုယ်တိုင်တောင်
နည်းလမ်းပေါင်းများစွာ စမ်းသပ်ခဲ့တယ်။

အစွန်းရောက်တဲ့ တပည့်ခံခြင်း။
ဆင်းရဲဒုက္ခ ခံစားခြင်း။

အားလုံး ဖြတ်သန်းပြီးမှ
မဇ္ဈိမပဋိပဒါကို တွေ့ရှိခဲ့တာ။

စမ်းသပ်မှုမရှိဘဲ
တွေ့ရှိမှုဆိုတာ မရှိဘူး။

ဒါကြောင့် —

မှားမှာ မကြောက်နဲ့။
မစမ်းဘဲ နေတာကိုသာ ကြောက်ပါ။

ဒီနေ့ တစ်ခုခု စမ်းကြည့်ပါ။
မနက်ဖြန် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်လာလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​