ကလေးတွေက
ဘာသာစကားသင်ရလွယ်တယ်။
ကလေးတွေက သင်ယူရမြန်တယ်။
ကျွန်တော်တို့ ဒီလိုမြင်ကြတယ်။
မသိစိတ်အလုပ်လုပ်တဲ့အရွယ်ဖြစ်တဲ့အတွက်
ကလေးတွေက
ဘာသာစကားသင်ယူရမြန်တာမှန်တယ်။
လူကြီးတွေမှာလဲ တိုးတက်အောင်လုပ်လို့ရပါတယ်။
အဓိက အတားအဆီးတွေက
၁။ အလုပ်တွေရှိတဲ့အတွက်
တစ်ခုထဲက ကလေးဘဝကလို အာရုံမစိုက်နိုင်တာ
၂။ သင်ယူဖို့ အချိန်မပေးနိုင်တာ
၃။ လေ့ကျင့်ဖို့ အသိုင်းအဝိုင်းမရှိတာ
ဒီသုံးခုကို ကျော်လွှားဖို့က
၁။ တစ်ရက်ကို မိနစ် ၃၀ လောက်အချိန်ပေး
၂။ တစ်ယောက်တည်းလေ့ကျင့် deliberate practice လုပ်
၃။ ဖြစ််နိုင်ရင် မှန်ကန်တဲ့ အသိုင်းအဝိုင်းထဲ တစ်ပတ်တစ်ခါသွား။
ဒါမှပဲ အသက်ကြီးပေမည့် တိုးတက်နေမှာ။
တရုတ်၊ အင်္ဂလိပ်၊ စီးပွားရေးပညာ
ဘာလေ့လာလေ့လာ
လေ့ကျင့်မှုအတွက် အချိန်တစ်ခုပေးဖို့လိုတယ်။
လေ့ကျင့်တာနဲ့ လေ့လာတာလဲမတူပါဘူး။
စာဖတ်တာ၊ မှတ်စုမှတ်တာ၊ စမ်းသပ်မှုလုပ်တာ
ဒါကလေ့လာတာ။
ပျင်းစရာကောင်းတဲ့အရာကို
ထပ်ခါထပ်ခါလုပ်ဆောင်တာ လေ့ကျင့်တာ။
ကျွန်တော့်ရဲ့နည်းလမ်းကတော့
တစ်ရက်ကို မိနစ်သုံးဆယ်လေ့ကျင့်တယ်။
၁ နာရီကို လေ့ကျင့်ခန်းလုပ်တယ်။
၂ နာရီကို ပြန်လည်ရေးသားခြင်း၊ စုစည်းခြင်းလုပ်တယ်။
၃ နာရီကို အကြံပေးခြင်း၊ အသုံးချခြင်းလုပ်တယ်။
၄ နာရီကို စာဖတ်ခြင်း၊ လေ့လာ၊ စမ်းသပ်၊ ရှာဖွေခြင်းလုပ်တယ်။
Phyo Paing @ Derek