ဆုံးဖြတ်မှုတိုင်းမှာ
နောက်ဆက်တွဲရလဒ်တွေရှိတယ်။
ဒါတွေကို မြင်နိုင်စွမ်းကို
ပညာလို့ခေါ်တယ်။
ပညာပိုရှိလေ ဝေးဝေးပိုမြင်နိုင်လေ။
ဒီပညာကို
မြင်၊ သင်၊ ကြား၊ တွေ့၊ ဖတ်ရှု၊ ကျင့်ပြီးရတယ်။
ဥာဏ်ရှိ ကံမရှိတိုင်းမွဲအစား
ကံရှိ ဥာဏ်ပညာမရှိတိုင်းမွဲဆိုရင်
ဒီနေ့ခေတ် ပိုမှန်နိုင်တယ်။
ဥာဏ်ပညာရှိအောင်
နေ့တိုင်း သင်၊ ကြား၊ ဖတ်ရှု၊ တွေ့ကြုံ၊ ကျင့်ကြံရတယ်။
နေ့စဥ်ထိတွေ့တဲ့ လူ၊ နေရာ၊ အိုင်ဒီယာ
ဂရုစိုက်ရတယ်။
Phyo Paing @ Derek