ဘဝမှာ တစ်ခုခုလိုနေသေးတယ်လို့
အမြဲတမ်းခံစားဖူးလား။
ဝင်ငွေဆိုလဲ ထပ်လိုသေးတယ်။
အချစ်ဆိုလဲ ထပ်လိုသေးတယ်။
တော်ဖို့ ထပ်လိုသေးတယ်။
ဘာကြောင့်လဲပြန်ဆန်းစစ်တဲ့အခါ
ဘဝမှာ ငယ်ဘဝဖြတ်သန်းမှုမှာ
အုပ်ထိန်းသူတွေရဲ့
ကိုယ့်ဖြစ်တည်မှုကို ဝမ်းသာမှုအစား
လိုအပ်ချက်တွေကို
အမြဲထပ်လိုနေသေးတယ်ဆိုတဲ့
ပြုစုပျိုးထောင်မှုကြောင့်
“ငါလိုနေသေးတယ်” ဆိုတဲ့စိတ်ဝင်တာဖြစ်နိုင်တယ်။
ဒီစိတ်က ဘဝကို မငြိမ်းချမ်းစေဘူး။
ကျန်းမာရေး၊ ငွေကြေး၊ အချစ်၊
စီးပွားရေး ပြည့်စုံနေရင်တောင်
ထပ်လိုနေသေးတယ်
ငါနဲ့များတကယ်ထိုက်တန်ရဲ့လားစိတ်က
ရှိထားတာတွေကို ဖျက်ဆီးတဲ့
အမူအကျင့်မျိုးကို ဖြစ်စေတတ်တယ်။
တခါတလေ ကိုယ့်အမူအကျင့်တွေ၊
ခံစားချက်တွေ၊ အတွေးတွေက
ငယ်ဘဝဖြတ်သန်းမှုကြောင့်
မသိစိတ်ထဲမှာ စွဲကျန်နေတတ်တာမျိုး။
သတိပြုမိရင်
ကျန်တာပြင်လို့လွယ်တယ်။
Phyo Paing @ Derek