ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့က
ဘဝအပြောင်းအလဲတစ်ခုပဲ။
ဘာကြောင့်လဲဆိုတော့
ကျောင်းတက်တဲ့အခါစိတ်ညစ်စရာအကောင်းဆုံးက
စာသင်တဲ့အခါ အမှတ်ရဖို့အဓိကသင်ရတယ်။
ဒီအတွက်လုပ်နေရင်းနဲ့
ဒီပညာရပ်ကို ဘာကြောင့်လေ့လာရလဲဆိုတဲ့
အနှစ်သာရပျောက်
စူးစမ်းလေ့လာချင်စိတ်ပျောက်သွားတယ်။
ဥပမာ Physics သင်မယ်။
ရူပဗေဒကို ဘာကြောင့်သင်ရသလဲ၊
ရူပဗဒေဆိုတာ ဘာလဲ၊
ဒါသိသွားရင် ဘာတွေလုပ်လို့ရမလဲနဲ့မစဘူး။
W = FS ဒါကို မှတ်ထား။
စာမေးပွဲ ဒါအမေးများတယ်။
မှတ်မှတ်ရရ ရူပဗေဒ ပထမခန်း။
အဲ့တော့ စဥ်းစားကြည့်တယ်။
ဆယ်တန်းမှာ အမှတ်များဖို့က
အမှတ်ပေးစည်းမျဥ်းလေ့လာရင်ရတာပဲ။
ဒါနဲ့ ဆရာ၊ ဆရာမ စာသင်တဲ့အချိန်
English စာအချိန်ကလွဲလို့
လုပ်ချင်တာလုပ်နေဖြစ်တယ်။
စာမေးပွဲနီးတစ်လလိုတော့
ဘာမှလဲ မပြင်ဆင်ရသေးဘူး။
အမှတ်ပေးစည်းမျဥ်းကလဲလေ့လာရပြီ။
အောင်စာရင်းထွက်ရင်လဲ
အောက်ကျနောက်ကျက မဖြစ်ချင်ဘူး။
ဒါနဲ့ သင်္ချာကို အခန်း ၈ circle ထိကြည့်။
အခန်း ၁၂ differentiation ထိကို
တစ်မှတ်တန်ကို Learner’s Choice ကြည့်။
Bio ကို အခန်း ၅ ဖြစ်မယ်။
ယုန်အခန်းကစကြည့်ပြီး
တစ်မှတ်တန်မှတ်ထားလိုက်တယ်။
စာမေးပွဲအောင်စာရင်းထွက်တော့
ကိုယ်ထင်ထားတာထက် ပိုကောင်းနေတယ်။
ဆေးကျောင်းရောက်သွားရော။
ဒီကစသိလာတာ အလုပ်တစ်ခုလုပ်ရင်
လူအများလုပ်သလိုလိုက်လုပ်လို့မရဘူး။
အမှတ်ပေးစည်းမျဥ်းလေ့လာရမယ်။
အဲ့ဒီသင်ခန်းစာက
လူတွေအကြောင်းနားလည််ဖို့ psychology
ဘဝအကြောင်းနားလည်ဖို့ philosophy
စီးပွားအကြောင်းနားလည်ဖို့ business
လုပ်ငန်းစတင်ခြင်းအတွက်
entrepreneurship နဲ့
marketing ပညာတွေလေ့လာဖြစ်ခဲ့တယ်။
စနစ်တစ်ခုကို နားလည်မှပဲ
ကိုယ်လိုချင်တာရဖို့
အသုံးချနိုင်မှာ။
ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ
အခိုင်းခံဖို့ထက် စနစ်ကို အသုံးချဖို့။
Phyo Paing @ Derek