ဘဝကောင်းဖို့ ရွေးချယ်မှုကောင်းဖို့လိုတယ်။
ကိုယ့်အာရုံကို ဘယ်မှာထားမလဲ၊
ဘယ်လိုထားမလဲ
ရွေးချယ်နိုင်ရင်ကို
ဘဝက တော်တော်ကောင်းနေပြီ။
ဒီလို အာရုံကို ထိန်းနိုင်ဖို့
သမာဓိလိုတယ်။
သမာဓိကောင်းဖို့ တချို့ကတရားထိုင်တယ်။
သမာအာဇီဝမဟုတ်တဲ့အလုပ်ရှောင်တယ်။
သူများဒုက္ခဖြစ်စေမယ့်
အတွေး၊ အကြံ၊ အပြော၊ အလုပ်ရှောင်တယ်။
မှန်မှန်ကန်ကန် နှလုံးသွင်းနိုင်အောင်နေတယ်။
ဒါက ဗုဒ္ဓသင်ကြားပေးခဲ့တဲ့
မဂ္ဂင်ရှစ်ပါးပဲ။
Phyo Paing @ Derek