Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝတစ်ခုမှာတော့
ကြိုးစားတိုင်း အကုန်မဖြစ်ဘူး။

ဘဝကံကြမ္မာတွေက မတူကြဘူး။

တချို့ကျတော့ မွေးကတည်းက
ရုန်းကန်ရတယ်။
ရုန်းကန်သလောက်လဲ
လာဘ်လာဘပေါများတာမဟုတ်သလို
လူချစ်လူခင်ပေါတာလဲမဟုတ်ပြန်ဘူး။

တချို့တွေက ရှာစရာမလို
သူ့အလိုလိုလာကြတယ်။

ဒါက ဥာဏ်နဲ့လဲဆိုင်တာမဟုတ်ဘူး။
မွေးရာပါ ကံနဲ့ဆိုင်တာ။

လူတိုင်းမွေးရာပါ ကံကြမ္မာလေးတွေပါလာတယ်။

တချို့သူတွေရောက်လာရင်
တိုးတက်မှု၊ ရှင်သန်မှု၊ ကြီးထွားမှုတွေဖြစ်တတ်ကြတယ်။

တချို့က ဒီလူရောက်လာရင်ကို
ဘူတတ်ကြတဲ့ pattern လေးတွေလဲရှိပြန်တယ်။

ဒီကံကြမ္မာတွေကို ပြင်ဖို့ထက်
ကိုယ်ကံကြမ္မာကို မြင်ဖို့လိုတယ်။

ဥပမာ တချို့လူတွေဆို
သူ့ဘဝမှာ ဖြစ်ချင်တာ
ဘာတစ်ခုမှ ဖြစ်မလာဘူး။
ဖြစ်လာပြန်တော့လဲ
ခဏနဲ့ ပြန်ပြိုလဲတာမျိုး။

တချို့ကျတော့
ကံဆိုးမ သွားရာ
မိုးလိုက်လို့ရွာဆိုသလိုပဲ။

တချို့က ကြိုးစားလုပ်ဆောင်ရင်
ဇွဲနဲ့ကြိုးစားရင်တော့ဖြစ်လာတယ်။

တချို့က ကြိုးစားရင်ဖြစ်လာတယ်။
အဲ့ဖြစ်လာတဲ့အရာ
ကိုယ့်အတွက် မဟုတ်တာဖြစ်တတ်တယ်။
ကြိုးစားပြီး ငွေကြေးဥစ္စာရှာ
ရလဲရရော သူတပါးအတွက်ဖြစ်။

တချို့တွေများ ရုန်းကန်တာ
ထုံးစံဖြစ်နေတတ်တယ်။

တချို့တွေကျတော့
လူမြင်ရင်ချစ်ခင်ဖြစ်တတ်ကြတယ်။

ကိုယ်ကံကိုယ် မပြင်နိုင်ခင်
မြင်နိုင်ဖို့လိုတယ်။

ဘဝတစ်ခုဆိုတာ တိုလွန်းတယ်။
ရက်ပေါင်း ၃ သောင်းကျော်ပဲ။
ကြိုးစားရင်တော့
သံသရာမှာ ဘာမဆိုဖြစ်နိုင်တာ
မှန်ကောင်းမှန်လိမ့်မယ်။

ဘဝတစ်ခုမှာတော့
ကြိုးစားတိုင်း အကုန်မဖြစ်ဘူး။

သံသရာတစ်ကွေ့မှာ
ကိုယ်ရထားတဲ့ ဘဝရဲ့
ပေးထားချက် ကံကြမ္မာကိုမြင်ဖို့လိုတယ်။
ပေးထားချက်သိရင်
ရွေးထားချက်တွေကောင်းအောင်လုပ်လို့ရပြီ။
ဒါမှပဲ သံသရာထဲက ကံကို ပြင်လို့ရမှာ။

ပညာ “သင်” တယ်ဆိုတာ
“မြင်” ဖို့။
“မြင်” မှ “ပြင်” နိုင်မယ်။

အကုသိုလ်ကံ အင်မတန်များနေရင်
“မြင်” ဖို့ ဥာဏ်အလင်းမပွင့်တတ်ဘူး။

Phyo Paing @ Derek

Share Your Idea!​