နိုင်ငံတစ်နိုင်ငံကလူတွေ
ကြိုးစားတိုင်း
နိုင်ငံက တိုးတက်သွားတာမဟုတ်ဘူး။
လုပ်ငန်းတစ်ခု၊ လူတစ်ယောက်ကလဲ
အလားတူပဲ။
အလုပ်တွေ ဇွတ်လုပ်တိုင်း
တိုးတက်တာတော့လဲ မဟုတ်ဘူး။
ပါးနပ်ဖို့လိုတယ်။
အမျှော်အမြင်ရှိဖို့လိုတယ်။
ရွေးချယ်မှုမှန်ဖို့လိုတယ်။
ဆုံးဖြတ်ချက်မှန်ဖို့လိုတယ်။
ဒါတွေလုပ်ဖို့ “မှန်ကန်တဲ့အမြင်” ရှိဖို့လိုတယ်။
မှန်ကန်တဲ့အမြင်ရှိဖို့ ပညာလိုတယ်။
ပညာက အမှန်ကို အမှန်အတိုင်း မြင်နိုင်စေတယ်။
အကြောင်းအကျိုး (Cause & Effect) ကို နားလည်စေတယ်။
လွဲမှားသော ယုံကြည်ချက်များကို စွန့်လွှတ်နိုင်စေတယ်။
ပညာရှိဖို့ ဥာဏ်ကိုသုံးဖို့လိုတယ်။
စူးစမ်း လေ့လာဖို့လိုတယ်။
စမ်းသပ်ကြည့်ဖို့လိုတယ်။
ကိုယ့်အယူအဆမှားနေတရင်
ပြောင်းလဲရဲဖို့လိုတယ်။
လူတွေ မကြိုးစားလို့မအောင်မြင်တာမဟုတ်ဘူး။
ရွေးချယ်မှုတွေမှားနေလို့ ခရီးမရောက်ကြတာ။
အရှေ့အရပ်ကို သွားချင်ပြီး
အနောက်အရပ်ကို ပြေးနေလို့မရဘူး။
မဟုတ်ရင် ပြေးလေ ဝေးလေဖြစ်နေမယ်။
ရွေးချယ်မှုကောင်းတစ်ခုက
ဘဝကို ပြောင်းလဲစေနိုင်သလို
ရွေးချယ်မှုဆိုးကြီးတစ်ခုက
ကြိုးစားထားသမျှကိုလဲ
သဲထဲရေသွန်ဖြစ်အောင်လုပ်နိုင်တယ်။
ဒါကြောင့် အရေးကြီးတဲ့ရွေးချယ်မှုတွေကို
သေချာစဥ်းစား ဥာဏ်ပညာနဲ့ပြုလုပ်နိုင်ဖို့လိုတယ်။
ရွေးချယ်မှုမှားသွားတာသိရင်လဲ
မြန်မြန် ပြန်ပြင်နိုင်ဖို့လိုတယ်။
မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊
ရွေးချယ်မှုမှားလို့ ခရီးမရောက်ခြင်းဖြစ်တယ်။
Phyo Paing @ Derek