တချို့မိဘတွေက သားသမီးတွေကိုမွေးပြီးရင်
တစ်သက်လုံးရပိုင်ခွင့်လို့စဉ်းစားတတ်တယ်။
ဥပမာ သားသမီးသုံးလေးယောက်မွေး
တစ်ယောက်က အလုပ်လုပ်အောင်မြင်ရင်
အကုန်တာဝန်ယူစေချင်တာ
ကျွန်တော်တို့ ရပ်ကွက်အထာပဲ။
အဲ့လိုမိသားစုမှာမွေးဖွားလာရင်
ပထမဆုံးထားရတာ စည်းပဲ။
မဟုတ်ရင် တစ်သက်လုံးကြိုးစားလာသမျှ
လုံးပါးပါးတဲ့အပြင်
ကျေးဇူးမတင် မလုပ်ပေးနိုင်တာကိုပဲ
အပြစ်တင်တတ်တာ အကျင့်ဖြစ်နေတတ်တယ်။
တချို့မိသားစုတွေက မေတ္တာနဲ့ကြီးတတ်တယ်။
မိဘက မရှိရင်တောင် လောဘမကြီးဘူး။
တချို့မိသားစုကျတော့
ကိုယ်ကလဲမစွမ်း လောဘလဲကြီး
ဖြစ်စေချင်တာကို
သားသမီးတွေထဲက တစ်ယောက်ကို
တာဝန်ဇွတ်ယူခိုင်းတာက
တော်တော်လေးမကောင်းဘူး။
မိဘတွေသားသမီးကိုချစ်တာထက်
မပိုရင်တောင်
သားသမီးတွေ မိဘကိုချစ်တာ
မလျော့ကြပါဘူး။
မိဘမေတ္တာရှိသလို
သားသမီးတွေကလဲ မိဘကိုပျော်စေချင်တဲ့အတွက်
မိဘတွေရဲ့ဖြစ်စေချင်တာကိုလုပ်ပေးတတ်တယ်။
တချို့ဆို ဂျပန်မှာ ၁၀ နှစ်၊ နှစ် ၂၀ ငွေရှာ
မိဘက တခြားသားသမီးကိုထောက်ပံ့
သုံးဖြုန်း
ငါ့သားသမီး သန်မာတယ်ဆို
သားသမီး ပြန်လာချိန်
သူတို့စောင့်ကြိုနေတာ လက်ဗလာနဲ့ကြောင့်
ကြေကွဲခံစားရတဲ့ အဖြစ်တွေ မနည်းလှဘူး။
ဒါကြောင့် တချို့လူတွေအတွက်
မိဘကိုချစ်တာ၊ ပြုစုလုပ်ကိုင်ပေးတာ
ပင်ပန်းလွန်း၊ တောင်းဆိုလွန်းလာရင်
စည်းတစ်ခုထား boundary ရှိလို့
ပညာရှင်တွေ ဆိုကြတယ်။
တချို့တွေအတွက် အောင်မြင်မှုသွားရာလမ်းမှာ
ပထမဆုံးရုန်းထွက်ရခက်တာက
မိသားစုဖြစ်နိုင်တယ်။
တချို့တွေအတွက် မိသားစုက
အထောက်အပံ့ဖြစ်ပြီးသား။
ဒါတွေက လောကနိတ္တိမှာ
အများကြီး မရေးထားဘူး။
ကိုယ့်အလှည့်ကျရင်တော့
ကိုယ့်သားသမီးအတွက်
တစ်သက်လုံး ရုန်းကန်စရာမလိုအောင်
ငွေကြေးရှာဖွေမှုနဲ့
လစဉ်ထောက်ပံ့မှုကို သေတဲ့အထိစီစဉ်ပေးခဲ့မယ်။
ပြီးရင် ကိုယ့်ပြဿနာကိုယ်
ဖြေရှင်းနိုင်အောင်ပညာသင်ပေးမယ်။
ကျန်တာတော့ မမျှော်မှန်းတော့ဘူး။
ကိုယ့်ကြောင့်လူ့ဘဝထဲရောက်လာတာ
တာဝန်တွေအများကြီး မယူခိုင်းတော့ဘူး။
တချို့မိဘတွေကျတော့လဲ
ဆန်ကုန်မြေလေး သားသမီးတွေမွေးထားမိတတ်ကြတယ်။
ကိုယ့်ထိုက်နဲ့ကိုယ့်ကံဖြစ်တဲ့အတွက်
ကံကိုဘယ်လောက်ထိယူမလဲကလဲ
ကိုယ့်ဆုံးဖြတ်ချက်ပဲ။
ဘယ်သူဘဲဖြစ်ဖြစ် စည်းလိုတယ်။
မိဘတွေမှာလဲ သူတို့အခက်အခဲနဲ့သူတို့။
သားသမီးမှာလဲသူတို့အခက်အခဲနဲ့သူတို့။
တစ်ယောက်နဲ့တစ်ယောက်
ကိုယ်ချင်းစာဖို့လိုတတ်တယ်လို့ထင်တယ်။
တချို့တွေကလဲ ဒါကို လက်ခံနိုင်မှာမဟုတ်ဘူး။
ဒါကြောင့် မိဘဖြစ်ဖြစ်၊
သားသမီးဖြစ်ဖြစ်
ဒီလိုကြုံတွေ့နေရရင် သတိပြုမိရအောင်ပါ။
အဓိက ကတော့
ကိုယ့်ပြဿနာကိုယ်မဖြေရှင်းနိုင်ကြတာလို့မြင်တယ်။
ကိုယ့်ပြဿာနကိုယ်ဖြေရှင်းနိုင်တဲ့အသိလိုတယ်။
ရှိတုန်းမလွယ်နဲ့ မရှိရင်မလွယ်ဘူးဆိုတာ
သိထားဖို့လိုနိုင်တယ်။
တချို့ကျတော့ တစ်သက်လုံးရှာကျွေးမယ်ဆိုတာကလဲ
လူအများစု စဉ်းစားတတ်ကြတဲ့
သဘာဝပါပဲ။
အဖြေကတော့ အရာရာ ကိုယ်စိတ်အတိုင်းဖြစ်စေချင်တဲ့
“ထိန်းချုပ်ချင်စိတ်လေးလျော့” ဖို့ဖြစ်နိုင်ပါတယ်။
Phyo Paing @ Derek