ဘဝဆိုတာ ၈၂ နှစ် ၁ လ ၁၉ ရက်နေရရင်
ရက်ပေါင်း ၃၀၀၀၀ ပဲ။
ဒီနေ့ဆို ရက်ပေါင်း ၁၃၇၁၂ ရက်နေပြီးပြီ။
ကျန်းမာရေးလိုက်စားလို့
အသက် ၇၀ ထိ ဒေါင်ဒေါင်မီနေနိုင်မယ်ဆို
အင်အားပြည့်ပြည့်နဲ့
၁၁၈၅၅ ရက်နေလို့ရသေးတယ်။
အသက် ၇၀ ကနေ ၈၂ နှစ်ကျော်ထိဆို
၄၄၃၃ ရက်ထပ်နေရလို့ရတယ်။
၈၂ နှစ်ထက် အလွန်ကျန်တာ
bonus ပဲ။
တကယ်လို့ ကြားထဲတစ်ခုခုကြောင့်
မသေခဲ့ရင်ပေါ့။
🌏 လက်ရှိပျမ်းမျှအသက်ရှည်နှုန်း (Life Expectancy)
🇲🇲 မြန်မာ – ၇၀.၆ နှစ်
🇲🇾 မလေးရှား – ၇၉.၇ နှစ်
🇹🇭 ထိုင်း – ၈၁.၂ နှစ်
🇹🇼 ထိုင်ဝမ် – ၈၃.၉ နှစ်
🇸🇬 စင်ကာပူ – ၈၃.၉–၈၆.၅ နှစ်
ဒါကြောင့်လာမည့် ရက်ပေါင်း ၁၁၈၅၅ ကို
သေချာ အသုံးပြုနိုင်ဖို့လိုတယ်။
သံသရာတစ်ကွေ့ ဒီတစ်နေ့က
အနာဂတ်ကိုသယ်သွားနိုင်တဲ့
ပါရမီတစ်ခုခုတော့ ဖြည့်ခဲ့ဖို့လိုနိုင်တယ်။
ဘဝမှာ ဘာလုပ်ချင်လဲဆို
ကိုယ်လုပ်ချင်ပြီး
ကိုယ့်အတွက် မဖြစ်နိုင်ဘူးထင်တဲ့အရာတွေကို
ဖြစ်အောင် လုပ်ချင်တယ်။
နေ့စဥ်လဲ ဆန္ဒနဲ့ အစွမ်းအစကိုက်ညီအောင်
အမှားတွေကို ပြုပြင်၊
မှန်တာတွေကို ဆက်လုပ်၊
အသစ်တွေ ရှာဖွေ
ဒီလိုပဲ ရှေ့ဆက်နေတယ်။
Phyo Paing @ Derek