ဟောင်ကောင်က ဇာတ်ကားတွေနဲ့ကြီးလာတော့
မင်းသားမင်းသမီးတွေကြည့်။
ငယ်ရွယ်တုန်းအောင်မြင် အသက်ကြီးတိုင်ပတ်ရှိသလို
ပိုက်ဆံတွေရှိ နောက်ဆုံးအကုန် ကုန် ရှိတယ်။
တချို့ကျတော့ ဖြေးဖြေးတက်လာတယ်။
အသက်ကြီးမှ ပိုအောင်မြင်တယ်။
တချို့ကျ ငယ်တုန်းအကုန်အောင်မြင်နေရင်း
ကိစ္စတစ်ခုကြောင့် အကုန်လုံးရပ်သွားရသူတွေ၊
အသစ်ပြန်စရသူတွေ
အချိန်မတိုင်ခင်ကြွေလွင့်သူတွေ၊
အများကြီးပဲ။
ဘဝဆိုတာ အပိုင်းအခြားနဲ့။
အခု ဒုက္ခရောက်နေလို့လဲ စိတ်မညစ်နဲ့။
အခု အောင်မြင်နေလို့လဲ စမာန်မတက်နဲ့။
လောကဓံရိုက်ချက်က တစ်ချက်တစ်ချက်ပြင်းတယ်။
တခါတခါ ဘာမှမလုပ်လဲ
ရွေးချယ်မှုတစ်ခုမှန်ကန်သွားရင်
ဘဝက လုံးလုံးကောင်းသွားတာမျိုး။
ဒါကြောင့် သံသရာမှာ ရန်ပြန်ရှာမည့်
အလုပ်တွေကို ဖြစ်နိုင်သမျှရှောင်တာမမှားဘူး။
Phyo Paing @ Derek