Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လိုမှ မလုပ်နဲ့။
မလိုခင်ကတည်းက ကြိုပြင်။

ဘဝမှာ အရေးအကြီးဆုံးက
“အောင်မြင်မှု” မဟုတ်ဘူး။

ကျွန်တော့်ဘဝအတွက်
အရေးအကြီးဆုံးက
“ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့။”

သမီးကိုလဲ ပြောတယ်။
ပညာသင်တဲ့ရည်ရွယ်ချက်က
ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့။

လောကမှာ အသောမသတ်
ပြဿနာတက်ရတာ
ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ကြလို့။

ဘဝရဲ့ပြဿနာကိုဖြေရှင်းဖို့က
ဒီနေ့ပြဿနာပဲ ထိုင်ဖြေရှင်းနေလို့မရဘူး။
အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ပြဿနာအကုန်
ချရေးပြီး
ကြိုတင်ပြင်ဆင်ထားနိုင်ဖို့လိုတယ်။

အို၊ နာ၊ သေ။
ဒါကတော့ အားလုံးကြုံရမည့်ပြဿနာ။
ဒီကြားထဲမှာ
စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊
လှုံခြုံရေး၊
အထီးကျန်မှုပြဿနာဖြေရှင်းရေး၊
အသက်ရှင်ပြီး အသက်မဝင်တဲ့ပြဿနာဖြေရှင်းရေး။

ဒါတွေက လူဖြစ်နေရင်ကြုံရမည့်
ပြဿနာတွေ။

ဒါတွေကို ဖြေရှင်းနိုင်တဲ့သူဖြစ်ဖို့
အစွမ်းအစနဲ့ ကြိုတင်ပြင်ဆင်မှုလိုတယ်။

လိုမှ မလုပ်နဲ့။
မလိုခင်ကတည်းက ကြိုပြင်။

Phyo Paing @ Derek

Share Your Idea!​