Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

AI ခေတ်မှာ အရင်အထာနဲ့ အရာမထင်တော့ဘူး။

အရင်အထာနဲ့ အရာမထင်တော့ဘူး။

AI ခေတ်မှာ
ဘာမှမသိသေးတဲ့သူတစ်ယောက်အတွက်
အလွယ်ဆုံး ဥပမာတစ်ခုပေးမယ်။

အရင်က ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုပါတော့။

ဆိုင်နာမည်စဉ်းစားရမယ်။
Logo အပ်ရမယ်။
Facebook Page ဖွင့်ရမယ်။
ပုံရိုက်ရမယ်။
စာရေးရမယ်။
ကြော်ငြာအပ်ရမယ်။
ဖောက်သည် Message ပြန်ရမယ်။
စာရင်းမှတ်ရမယ်။

အလုပ်တစ်ခုချင်းစီအတွက်
လူတစ်ယောက်စီလိုနိုင်တယ်။

အခု AI ခေတ်မှာတော့
ဒီအလုပ်တော်တော်များများကို
လူတစ်ယောက်တည်းနဲ့ စလုပ်လို့ရလာတယ်။

ဥပမာ ကိုယ်က
ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တယ် ဆိုပါတော့။

AI ကို

“အသက် ၂၀ ကနေ ၃၅ ကြား လူငယ်တွေကြိုက်မယ့်
ကော်ဖီဆိုင်နာမည် ၂၀ စဉ်းစားပေး”

လို့ မေးလို့ရတယ်။

နာမည်ရပြီ။

“ဒီနာမည်အတွက် Brand Concept၊
Logo Idea၊ ဆိုင်အရောင်၊
ဆိုင်ရဲ့ Personality ဖန်တီးပေး”

ဆက်ခိုင်းလို့ရတယ်။

ပြီးရင်

“Facebook မှာ တစ်လစာတင်ဖို့
Content Idea ၃၀ ထုတ်ပေး”

ခိုင်းလို့ရတယ်။

“ဒီနေ့ မိုးရွာနေတယ်။
ကော်ဖီပူပူသောက်ချင်အောင်
Facebook Post တစ်ပုဒ်ရေးပေး”

ဆိုလည်းရတယ်။

ဖောက်သည်က

“ဈေးကြီးတယ်”

လို့ Comment ရေးလာတယ်။

ဘာပြန်ပြောရမလဲ မသိဘူး။

Screenshot ရိုက်ပြီး AI ကိုပြ။

“ဖောက်သည်စိတ်မဆိုးအောင်
ယဉ်ယဉ်ကျေးကျေး ဘယ်လိုပြန်ဖြေရမလဲ”

မေးလို့ရတယ်။

ရောင်းအားကျနေတယ်။

Excel စာရင်းထည့်ပြီး

“ဘယ်နေ့ရောင်းအားအကောင်းဆုံးလဲ။
ဘယ် Product ရောင်းမကောင်းဘူးလဲ။
ဘာတွေပြင်သင့်လဲ”

မေးလို့ရတယ်။

ဒီလိုနဲ့ AI က

စာရေးဆရာလည်း ဖြစ်နိုင်တယ်။
Designer လည်း ဖြစ်နိုင်တယ်။
Research Assistant လည်း ဖြစ်နိုင်တယ်။
Data Analyst လည်း ဖြစ်နိုင်တယ်။
ကိုယ်စဉ်းစားဖို့ အဖော်လည်း ဖြစ်နိုင်တယ်။

ဒါပေမယ့် ဒီမှာ အရေးကြီးတာရှိတယ်။

AI ရှိတာနဲ့ အောင်မြင်တာ မဟုတ်ဘူး။

Calculator ရှိတာနဲ့
သင်္ချာတော်တာ မဟုတ်သလိုပဲ။

Camera ကောင်းတာရှိတာနဲ့
Photographer ကောင်းဖြစ်တာ မဟုတ်ဘူး။

AI က အဖြေထုတ်ပေးနိုင်တယ်။

ဒါပေမယ့်—

ဘာမေးရမလဲ။
ဘာလုပ်ရမလဲ။
ဘယ်အဖြေက မှန်လဲ။
ဘယ်အဖြေက ကိုယ့်အခြေအနေနဲ့ကိုက်လဲ။
ဘယ်ဟာကို တကယ်လုပ်မလဲ။

ဒါက လူရဲ့အလုပ်ပဲ။

ဒါကြောင့် AI ခေတ်မှာ
“ဘာမှမသိလို့ မလုပ်တတ်ဘူး” ဆိုတဲ့ အကြောင်းပြချက်က
တဖြည်းဖြည်း အားနည်းလာမယ်။

မသိရင် မေးလို့ရတယ်။
မတတ်ရင် သင်ခိုင်းလို့ရတယ်။
မရှင်းရင် ကလေးတစ်ယောက်နားလည်အောင် ရှင်းခိုင်းလို့ရတယ်။
မကြိုက်ရင် ပြန်ပြင်ခိုင်းလို့ရတယ်။

အရင်ခေတ်က
သိတဲ့သူက မသိတဲ့သူထက် အားသာတယ်။

AI ခေတ်မှာတော့
သင်ယူတတ်တဲ့သူ၊ မေးတတ်တဲ့သူ၊ စမ်းတတ်တဲ့သူ၊ ဆုံးဖြတ်တတ်တဲ့သူက ပိုအားသာလာမယ်။

အရင်က
လုပ်နိုင်စွမ်း က အတားအဆီးဖြစ်တယ်။

အခု
AI က လုပ်နိုင်စွမ်းကို အများကြီး ဖြည့်ပေးလာတယ်။

ဒါကြောင့် ပိုအရေးကြီးလာတာက

ဘာလုပ်သင့်လဲဆိုတာ သိတဲ့ ဉာဏ်။

AI က မြန်အောင်လုပ်ပေးမယ်။
ဒါပေမယ့် လမ်းမှားနေရင်
မြန်မြန်မှားသွားမယ်။

AI က များများထုတ်ပေးမယ်။
ဒါပေမယ့် ဘာတန်ဖိုးရှိလဲ မသိရင်
အမှိုက်များများထုတ်မိမယ်။

ဒါကြောင့် ဒီခေတ်မှာ
Tool တတ်ရုံနဲ့ မလုံလောက်ဘူး။

စျေးကွက်အထာ သိရမယ်။
AI အသုံးချတတ်ရမယ်။
ကိုယ်ပိုင်အတွေးအခေါ် ရှိရမယ်။

AI ကို ကြောက်ဖို့ထက်
နေ့တိုင်း နည်းနည်းစမ်းကြည့်ပါ။

မသိတာတစ်ခု မေးပါ။
ကိုယ်လုပ်နေကျအလုပ်တစ်ခု ခိုင်းကြည့်ပါ။
အချိန်တစ်နာရီကုန်တဲ့အလုပ်ကို
၁၀ မိနစ်နဲ့လုပ်လို့ရမလား စမ်းကြည့်ပါ။

တဖြည်းဖြည်း အထာသိလာမယ်။

AI ခေတ်မှာ အရင်အထာနဲ့ အရာမထင်တော့ဘူး။

အဟောင်းကို ပိုကြိုးစားနေတာထက်
အသစ်ကို မြန်မြန်သင်ယူတတ်ဖို့ ပိုအရေးကြီးလာပြီ။

Phyo Paing @ Derek

Share Your Idea!​