ဘဝ စရတာချင်းမတူဘူး။
တချို့က မိသားစုပြဿနာနဲ့ အကြွေးဆပ်ရတာကစတယ်။
တချို့က ကိုယ့်ဘဝ ကိုယ်တည်ဆောက်ရတာကစတယ်။
တချို့က ကိုယ့်ဘဝ မိဘထောက်ပံ့မှုအပြည့်နဲ့စတယ်။
တချို့က မိဘရှိပြီးသားလုပ်ငန်းလက်လွဲတာကစတယ်။
တချို့က မိဘရဲ့ပိုင်ဆိုင်မှုတွေကို တိုးပွားတဲ့နေရာကစတယ်။
စ၊ လည်၊ ဆုံးတော့ တူချင်မှ တူလိမ့်မယ်။
တစ်ဆင့်တစ်ဆင့်တက်ရတာ
လွယ်တော့မလွယ်လှဘူး။
ဒါပေမယ့် တစ်ဆင့်တစ်ဆင့်တက်လာပြီးတိုင်း
ကိုယ့်ကိုကိုယ် ပိုဂုဏ်ယူလိမ့်မယ်။
Phyo Paing @ Derek