အခုတတ်ထားတဲ့ ပညာတွေ၊
အခုလုပ်နေတဲ့ အလုပ်တွေ၊
အခုအောင်မြင်နေတဲ့ နည်းလမ်းတွေက
နောက်သုံးနှစ်မှာ တန်ဖိုးကျသွားနိုင်တယ်။
ကြောက်စရာက
AI က ကိုယ့်အလုပ်ကို လုသွားမှာ မဟုတ်ဘူး။
ခေတ်ပြောင်းသွားတာကို မသိဘဲ
မနေ့က အတွေးအခေါ်၊ မနေ့က လုပ်နည်းနဲ့
ဒီနေ့ပြဿနာကို ဆက်ဖြေရှင်းနေတာက ပိုကြောက်စရာကောင်းတယ်။
AI ခေတ်မှာ
လူတစ်ယောက်ရဲ့ တန်ဖိုးရှိတဲ့နေရာကိုယ်တိုင်
ရွှေ့နေပြီ။
ဒီအပြောင်းအလဲကို
စကားလုံးတစ်လုံးနဲ့ မှတ်ထားနိုင်ပါတယ်။
⸻
SHIFT — အပြောင်းအရွှေ့
S — Search → Ask
ရှာဖွေခြင်း → မေးမြန်းခြင်း
အရင်က Google မှာ Search — ရှာဖွေ တယ်။
ဝက်ဘ်ဆိုက်တစ်ခုချင်းဝင်၊
လင့်တစ်ခုချင်းဖတ်၊
အချက်အလက်တွေစု၊
ကိုယ်လိုချင်တဲ့အဖြေကို ကိုယ်တိုင်ပြန်စီရတယ်။
အခု ChatGPT လို AI ကို
Ask — တိုက်ရိုက်မေးမြန်း လို့ရလာတယ်။
“ဒီအကြောင်းကို ရှာပေး”
“ဒီနှစ်ခုကို နှိုင်းယှဉ်ပေး”
“ဒီဒေတာကို လေ့လာပြီး အဓိကပြဿနာရှာပေး”
လို့ တိုက်ရိုက်မေးနိုင်လာတယ်။
အရင်က
ရှာတတ်တဲ့သူက မြန်တယ်။
အခု
မေးတတ်တဲ့သူက မြန်တယ်။
အချက်အလက်ရှာဖွေတဲ့ခေတ်ကနေ
အဖြေကို တိုက်ရိုက်တောင်းတဲ့ခေတ်ကို
ပြောင်းလာပြီ။
⸻
H — How → What & Why
ဘယ်လိုလုပ်မလဲ → ဘာလုပ်မလဲ၊ ဘာကြောင့်လုပ်မလဲ
အရင်က အရေးကြီးဆုံးမေးခွန်းက
How — ဘယ်လိုလုပ်မလဲ။
ဝက်ဘ်ဆိုက် ဘယ်လိုဆောက်မလဲ။
ကြော်ငြာစာ ဘယ်လိုရေးမလဲ။
ဒေတာ ဘယ်လိုခွဲခြမ်းမလဲ။
တင်ပြချက် slides ဘယ်လိုဖန်တီးမလဲ။
ဒီ How — လုပ်နည်းလုပ်ဟန် တွေကို
သင်ယူဖို့ လနဲ့ချီ၊ နှစ်နဲ့ချီ
အချိန်ပေးခဲ့ရတယ်။
အခု AI က
How အများကြီးကို လုပ်ပေးနိုင်လာတယ်။
ဒါကြောင့် လူအတွက်
ပိုအရေးကြီးလာတဲ့ မေးခွန်းတွေက—
What — ဘာလုပ်သင့်လဲ။
Why — ဘာကြောင့်လုပ်သင့်လဲ။
Which — ဘယ်ဟာကို ရွေးသင့်လဲ။
What if — ဒီလိုလုပ်လိုက်ရင် နောက်ဘာဖြစ်နိုင်လဲ။
AI က လုပ်ဆောင်မှုကို ပိုယူလေလေ၊
လူရဲ့
Direction — ဦးတည်ချက်ပေးနိုင်စွမ်း
နဲ့
Judgment — အကဲဖြတ်ဆုံးဖြတ်နိုင်စွမ်း
က ပိုတန်ဖိုးရှိလာလေလေ ဖြစ်မယ်။
⸻
I — Information → Understanding
အချက်အလက် → နားလည်မှု
အရင်က ပညာတတ်တယ်ဆိုတာ
အချက်အလက်များများသိတာ။
အလွတ်ကျက်နိုင်တယ်။
အဖြေသိတယ်။
စာအုပ်များများဖတ်ထားတယ်။
အခု
Information — အချက်အလက်
က မရှားတော့ဘူး။
AI ကို မေးလိုက်ရင်
စက္ကန့်ပိုင်းအတွင်း
အချက်အလက်အများကြီး ရနိုင်တယ်။
ရှားလာတာက
Understanding — နားလည်မှု။
ဒီအဖြေ ဘာကြောင့်မှန်တာလဲ။
ဘယ်အခြေအနေမှာ မှန်တာလဲ။
ဘယ်အခြေအနေမှာ မှားနိုင်လဲ။
ဘယ်ယူဆချက်တွေအပေါ် တည်ဆောက်ထားတာလဲ။
နောက်ဆက်တွဲ အကျိုးဆက်က ဘာဖြစ်မလဲ။
တခြားအရာတွေနဲ့ ဘယ်လိုဆက်စပ်နေလဲ။
ဒါတွေကို နားလည်ဖို့လိုလာတယ်။
အရင်က
Memorization — အလွတ်ကျက်တဲ့ခေတ်။
အခု
Comprehension — သဘောတရားကို နားလည်ရတဲ့ခေတ်။
ဒီနေ့ခေတ်မှာ
ထုတ်တာလွယ်လာတယ်။
ခက်တာ နားလည်တာ။
⸻
F — Finding Answers → Framing Questions
အဖြေရှာခြင်း → မှန်ကန်တဲ့မေးခွန်း တည်ဆောက်ခြင်း
အရင်က
အဖြေရှာနိုင်တဲ့သူ တော်တယ်။
အခု အဖြေရှာတဲ့အလုပ်ကို
AI က ကူလုပ်ပေးနိုင်လာတယ်။
ဒါကြောင့် တန်ဖိုးက
Answer — အဖြေ
ကနေ
Question — မေးခွန်း
ဆီ ရွှေ့လာတယ်။
ဥပမာ—
“ရောင်းအား ဘယ်လိုတိုးမလဲ”
လို့မေးတာထက်
“ရောင်းအားကျနေတာက
Marketing — စျေးကွက်ဖော်ဆောင်မှုပြဿနာလား၊
Product — ထုတ်ကုန်ပြဿနာလား၊
Pricing — ဈေးနှုန်းသတ်မှတ်မှုပြဿနာလား၊
Distribution — ဖြန့်ချိရေးပြဿနာလား”
လို့ မေးတာက ပိုတန်ဖိုးရှိတယ်။
AI က အဖြေကောင်းကောင်း ပေးနိုင်တယ်။
ဒါပေမယ့်—
မှားတဲ့ပြဿနာကို
အကောင်းဆုံး AI နဲ့ ဖြေရှင်းနေရင်လည်း
မှားတဲ့နေရာကို ပိုမြန်မြန်ရောက်တာပဲ။
ဒါကြောင့် AI ခေတ်မှာ
အဖြေများများသိတာထက်
မှန်တဲ့ပြဿနာကို မြင်တတ်ဖို့၊
မှန်တဲ့မေးခွန်းကို မေးတတ်ဖို့
ပိုအရေးကြီးလာတယ်။
⸻
T — Technical Execution → Thinking & Orchestration
နည်းပညာပိုင်း ကိုယ်တိုင်လုပ်ဆောင်ခြင်း → စဉ်းစားခြင်းနှင့် အလုပ်များကို စနစ်တကျ ညှိနှိုင်းခိုင်းစေခြင်း
ဒီအပြောင်းအရွှေ့က
အကြီးဆုံးဖြစ်နိုင်တယ်။
အရင်က
Technical Skill — နည်းပညာပိုင်း လက်တွေ့ကျွမ်းကျင်မှု
တစ်ခုတတ်ဖို့
လနဲ့ချီ၊ နှစ်နဲ့ချီ အချိန်ပေးရတယ်။
ဒီဇိုင်းသင်။
ကွန်ပျူတာပရိုဂရမ်ရေးနည်းသင်။
Excel သင်။
ဗီဒီယိုတည်းဖြတ်နည်းသင်။
ကြော်ငြာစာရေးနည်းသင်။
အခု ဒီပညာတွေ မလိုတော့တာ မဟုတ်ဘူး။
အခြေခံသိထားဖို့ လိုနေသေးတယ်။
ဒါပေမယ့်
Technical Execution — နည်းပညာပိုင်း လက်တွေ့လုပ်ဆောင်မှု
အများကြီးကို AI က
မြန်မြန်လုပ်ပေးနိုင်လာတယ်။
အရင်က—
Knowing → Doing
သိခြင်း → ကိုယ်တိုင်လုပ်ခြင်း
သိပြီးရင် ကိုယ်တိုင်လုပ်ရတယ်။
နောက်ပိုင်း—
Answering → Doing
အဖြေပေးခြင်း → အလုပ်ပြီးအောင်လုပ်ပေးခြင်း
AI က အဖြေပေးရုံတင်မဟုတ်တော့ဘူး။
သုတေသနလုပ်ပေးတယ်။
စာရေးပေးတယ်။
ဒေတာခွဲခြမ်းပေးတယ်။
တင်ပြချက်လုပ်ပေးတယ်။
ဝက်ဘ်ဆိုက်ဖန်တီးပေးတယ်။
အလုပ်ပါ ပြီးအောင်လုပ်ပေးလာတယ်။
အခု ဒီထက်တောင် တစ်ဆင့်တက်လာတယ်။
Doing → Orchestrating
ကိုယ်တိုင်လုပ်ခြင်း → အလုပ်အများကြီးကို စနစ်တကျ ခွဲဝေညှိနှိုင်းခိုင်းစေခြင်း
AI တစ်ခုကို
အလုပ်တစ်ခုခိုင်းတာတင် မဟုတ်တော့ဘူး။
AI Agent — ကိုယ်စားအလုပ်လုပ်ပေးနိုင်တဲ့ AI
အများကြီးကို Team — အဖွဲ့တစ်ခုလို
ခွဲဝေအလုပ်လုပ်ခိုင်းလာနိုင်တယ်။
Research Agent — သုတေသနလုပ်တဲ့ AI
က အချက်အလက်ရှာမယ်။
Strategy Agent — မဟာဗျူဟာစဉ်းစားတဲ့ AI
က ခွဲခြမ်းစိတ်ဖြာမယ်။
Writing Agent — စာရေးတဲ့ AI
က ရေးမယ်။
Design Agent — ဒီဇိုင်းဖန်တီးတဲ့ AI
က ပုံဖော်မယ်။
Critic Agent — ပြန်လည်ဝေဖန်စစ်ဆေးတဲ့ AI
က အားနည်းချက်တွေ ရှာမယ်။
နောက်တစ်ခုက
အားလုံးကို ပြန်ပေါင်းပြီး
နောက်ဆုံးရလဒ် ထုတ်မယ်။
ဒါကို
Multi-Agent Orchestration — AI ကိုယ်စားလှယ်များစွာကို အဖွဲ့တစ်ခုလို ခွဲဝေ၊ ချိတ်ဆက်၊ ညှိနှိုင်းပြီး အလုပ်လုပ်ခိုင်းခြင်း
လို့ ခေါ်တယ်။
အရင်က ကိုယ်က
Worker — ကိုယ်တိုင်အလုပ်လုပ်သူ။
နောက် ကိုယ်က
AI Operator — AI ကို အသုံးပြုခိုင်းစေသူ။
အခု ကိုယ်က
AI Orchestrator — AI အဖွဲ့ကို စနစ်တကျ ညှိနှိုင်းစီမံသူ
ဖြစ်လာရတယ်။
⸻
ဒီအချိန်မှာ
ပိုတန်ဖိုးရှိလာတာက
Conceptual Skill — သဘောတရားနားလည်ပြီး ပုံကြီးကိုမြင်နိုင်တဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်း။
ဘာလုပ်မလဲ။
ဘာကြောင့်လုပ်မလဲ။
ဘယ်ဟာ အရေးကြီးဆုံးလဲ။
ဘာကို အရင်လုပ်မလဲ။
ဘာကို AI ခိုင်းမလဲ။
ဘာကို လူလုပ်မလဲ။
ဘာကို လုံးဝမလုပ်သင့်ဘူးလဲ။
AI တစ်ခုနဲ့တစ်ခု ဘယ်လိုချိတ်မလဲ။
ထွက်လာတဲ့အဖြေ မှန်မမှန် ဘယ်လိုစစ်မလဲ။
ရေရှည်မှာ ဘာအကျိုးဆက်ရှိမလဲ။
ဒါတွေက
Thinking — စဉ်းစားနိုင်စွမ်း
Judgment — အကဲဖြတ်ဆုံးဖြတ်နိုင်စွမ်း
Strategy — မဟာဗျူဟာချမှတ်နိုင်စွမ်း
Orchestration — အရင်းအမြစ်နဲ့ AI များကို စနစ်တကျ ခွဲဝေညှိနှိုင်းနိုင်စွမ်း
တွေဖြစ်တယ်။
ဒါနဲ့တင် မပြီးသေးဘူး။
Human Skill — လူကိုနားလည်၊ ပေါင်းသင်း၊ ဦးဆောင်နိုင်စွမ်း
လည်း အရေးကြီးနေသေးတယ်။
လူတွေ ဘာလိုချင်လဲ။
ဘာကြောက်နေလဲ။
ဘယ်လိုပြောရင် နားဝင်မလဲ။
ဘယ်လို ယုံကြည်မှုတည်ဆောက်မလဲ။
ဘယ်လို ဦးဆောင်မလဲ။
AI က နည်းပညာပိုင်းအလုပ်တွေကို
ပိုလုပ်ပေးနိုင်လာလေလေ
Conceptual Skill — သဘောတရားနားလည် စဉ်းစားဆုံးဖြတ်နိုင်စွမ်း
နဲ့
Human Skill — လူကိုနားလည် ဦးဆောင်နိုင်စွမ်း
က ပိုတန်ဖိုးရှိလာနိုင်တယ်။
⸻
ဒါကြောင့် AI ခေတ်အတွက်
SHIFT — အပြောင်းအရွှေ့
ကို မှတ်ထားပါ။
S — Search → Ask
ရှာဖွေခြင်း → မေးမြန်းခြင်း
H — How → What & Why
ဘယ်လိုလုပ်မလဲ → ဘာလုပ်မလဲ၊ ဘာကြောင့်လုပ်မလဲ
I — Information → Understanding
အချက်အလက် → နားလည်မှု
F — Finding Answers → Framing Questions
အဖြေရှာခြင်း → မှန်ကန်တဲ့မေးခွန်း တည်ဆောက်ခြင်း
T — Technical Execution → Thinking & Orchestration
နည်းပညာပိုင်း ကိုယ်တိုင်လုပ်ခြင်း → စဉ်းစားဆုံးဖြတ်ပြီး AI အဖွဲ့ကို စနစ်တကျ ညှိနှိုင်းခိုင်းစေခြင်း
အရင်ခေတ်မှာ
သိတဲ့သူ နိုင်တယ်။
နောက်ပိုင်း
လုပ်တတ်တဲ့သူ နိုင်တယ်။
AI ခေတ်မှာတော့
ဘာလုပ်သင့်လဲ သိတဲ့သူ၊
မှန်တဲ့ပြဿနာကို မြင်တဲ့သူ၊
မှန်တဲ့မေးခွန်း မေးတတ်တဲ့သူ၊
AI တွေကို အဖွဲ့တစ်ခုလို စီမံခိုင်းတတ်တဲ့သူ၊
နောက်ဆုံးရလဒ် မှန်မမှန် ဆုံးဖြတ်တတ်တဲ့သူက နိုင်မယ်။
AI က လူရဲ့တန်ဖိုးကို
ဖျက်နေတာမဟုတ်ဘူး။
လူရဲ့တန်ဖိုးရှိတဲ့နေရာကို ရွှေ့နေတာ။
အရင်အထာနဲ့
အရာမထင်တော့ဘူး။
ခေတ်က SHIFT — အပြောင်းအရွှေ့ ဖြစ်သွားပြီ။
ကိုယ်မပြောင်းရင်
ခေတ်က ကိုယ့်ကို ချန်ထားခဲ့လိမ့်မယ်။
Phyo Paing @ Derek
#drphyopaing