ဥာဏ်နဲ့ဖြေရှင်းလို့မရတာကို
ဘာသာတရားနဲ့ဖြေရှင်းတယ်။
တိရစ္ဆာန်တွေလဲ နာကျင်မှုခံစားရတယ်။
လူတွေလဲ နာကျင်မှုခံစားရတယ်။
ဒါပေမယ့် လူတွေက နာကျင်မှုနောက်ကွယ်မှာ
ပုံပြင်လေးနဲ့။
ဘာကြောင့် ငါ့ကျမှဖြစ်ရတာလဲ။
သူတို့ကျ ဘာကြောင့် ဒီလိုလဲ။
ဘဝဆိုတာ ဘာလဲ။
ငါသေပြီး ဘာဆက်ဖြစ်မှာလဲ။
ဒီမေးခွန်းတွေအတွက် အဖြေကို
သိပ္ပံက မပေးနိုင်ဘူး။
ဘာသာတရားတွေက အဖြေတွေပေးကြတယ်။
ဗုဒ္ဓဘာသာ က
ဘာကြောင့် ဒုက္ခရောက်တာလဲကိုရှင်းပြတယ်။
အဓိကပြဿနာက
လောကကြီးမကောင်းလို့ မဟုတ်ဘူး။
လောကကြီးကို
ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေချင်တဲ့
တပ်မက်မှု၊ တွယ်တာမှုနဲ့ အမှန်ကို မမြင်နိုင်မှု ကြောင့်
ဒုက္ခဖြစ်တယ်လို့ မြင်တယ်။
လိုချင်တာ မရရင် ဒုက္ခ။
ရပြီးရင် ပျောက်သွားမှာကြောက်လို့ ဒုက္ခ။
မကြိုက်တာတွေ့ရင် ဒုက္ခ။
ချစ်တဲ့အရာနဲ့ ခွဲရရင် ဒုက္ခ။
ဒါကြောင့် ဗုဒ္ဓဘာသာ ရဲ့ အဖြေက
လောကကြီးကို ကိုယ်လိုချင်တဲ့အတိုင်း
အမြဲပြောင်းလဲဖို့ မဟုတ်ဘူး။
လောကကြီးအပေါ် တွယ်တာနေတဲ့ ကိုယ့်စိတ်ကို နားလည်ဖို့။
Christianity
ဒုက္ခထဲမှာတောင် ငါတစ်ယောက်တည်း မဟုတ်ဘူး။
Christianity မှာ လူသားရဲ့ပြဿနာကို
ဘုရားသခင်နဲ့ ကွာဝေးခြင်း၊ အပြစ်နဲ့
ပျက်စီးနေတဲ့ လူ့သဘာဝတို့နဲ့ ဆက်စပ်မြင်တယ်။
အဖြေက
အရာအားလုံးကို ကိုယ့်အားကိုယ်ကိုးပြီး
control လုပ်ဖို့ မဟုတ်ဘူး။
God ကို ယုံကြည်ဖို့၊
God နဲ့ relationship တည်ဆောက်ဖို့၊
grace နဲ့ redemption ကို လက်ခံဖို့။
ဒုက္ခရောက်နေတဲ့အချိန်မှာတောင်
“ငါ့ဘဝဟာ အဓိပ္ပာယ်မဲ့နေတာ မဟုတ်ဘူး”
ဘုရားရှိတယ်
လို့ မြင်နိုင်တဲ့ framework တစ်ခု ပေးတယ်။
Judaism
ဘယ်လို မှန်ကန်စွာ အသက်ရှင်မလဲ။
Judaism မှာ God နဲ့ လူသားကြားက
covenant ပဋိညာဉ် က အရေးကြီးတယ်။
ဘဝရဲ့မေးခွန်းက
“ငါ ဘယ်လိုပျော်အောင်နေရမလဲ” တစ်ခုတည်း မဟုတ်ဘူး။
“God ရှေ့မှာ ငါ ဘယ်လို မှန်ကန်စွာ အသက်ရှင်မလဲ။”
ဥပဒေ၊ တာဝန်၊ community၊ justice နဲ့
နေ့စဉ်ဘဝကို သန့်ရှင်းအဓိပ္ပာယ်ရှိအောင်
နေထိုင်ခြင်းက အရေးကြီးလာတယ်။
Hinduism
ငါက တကယ်ဘယ်သူလဲ။
ဟန္ဒူ ရိုးရာတွေ အများကြီးရှိလို့
အဖြေတစ်မျိုးတည်းတော့ မဟုတ်ဘူး။
ဒါပေမယ့် အရေးကြီးတဲ့အယူအဆတစ်ခုက
လူသားဟာ
ကိုယ့်ရဲ့ အနက်ရှိုင်းဆုံး သဘာဝကို မသိခြင်း၊
karma နဲ့ samsara သံသရာထဲမှာ ချည်နှောင်ခံနေရခြင်းပါ။
ဒါကြောင့် မေးခွန်းက
“ငါလိုချင်တာ ဘယ်လိုရမလဲ” ထက်
“ငါဆိုတာ တကယ်ဘယ်သူလဲ”
ဆိုတာအထိ ရောက်သွားတယ်။
ရည်ရွယ်ချက်က moksha
လွတ်မြောက်မှု liberation။
Islam
အရာအားလုံးကို ငါ control လုပ်ရမယ်ဆိုတဲ့
အတွေးကို လွှတ်ချခြင်း။
အစ္စလာမ် ဆိုတဲ့ စကားရဲ့ အဓိကအဓိပ္ပာယ်ထဲမှာတောင်
submission to God ဆိုတဲ့သဘော ပါတယ်။
လူသားဟာ ဒီဘဝမှာ
စမ်းသပ်မှုတွေ၊ အခက်အခဲတွေ ကြုံရမယ်။
ဒါပေမယ့် အရာအားလုံးဟာ
အဓိပ္ပာယ်မဲ့ ဖြစ်ပျက်နေတာမဟုတ်ဘူးလို့ မြင်တယ်။
ကိုယ်လုပ်ရမယ့်အရာကို လုပ်မယ်။
မှန်တာကို ရွေးမယ်။
God ကို ယုံကြည်မယ်။
ကိုယ်မထိန်းချုပ်နိုင်တာကို God ထံ အပ်နှံမယ်။
Life is not merely happening to you.
Life is also a test of how you respond.
ဘာသာတရားကို ကိုးကွယ်တဲ့အခါ
ပုံမှန် မေးဖြစ်တာ
ဒီဘာသာတရားက
ငါ့ရဲ့ ဘယ်ပြဿနာကိုဖြေရှင်းပေးမလဲ။
တခါတခါ အထီးကျန်မှု၊
လူသားဖြစ်တဲ့အတွက် အပြစ်သားလို့ခံစားရတဲ့
sin တွေအတွက်
ကိုယ့်ကိုအမြဲချစ်တဲ့ ဘုရားရှိတယ်ဆိုတဲ့
ခံစားချက်က ဒဏ်ရာတွေကိုဖြေဖျောက်ပေးတယ်။
တခါတခါ ဒုက္ခဆိုတာ တပ်မက်မှုကလာတယ်။
ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာတာကို
ကျော်လွှားဖို့ တကယ့်အဖြစ်အပျက်နဲ့
စိတ်ကူးကြားက ဆက်စပ်မှုကို
တရားထိုင်မှုနဲ့ ခွာချလို့ရတယ်။
လူတွေက meaning လိုတယ်။
ဘဝအတွက် စိတ်လှုံခြုံမှုလိုတယ်။
သေပြီးနောက် အာမခံလိုတယ်။
ဒီပြဿနာတွေဖြေရှင်းဖို့
ဘာသာတရားတွေက ဖြစ်တည်နေတယ်။
သိပ္ပံနဲ့ဖြေရှင်းလို့ရတာ သိပ္ပံနဲ့ဖြေရှင်း။
ဘာသာတရားနဲ့ ဖြေရှင်းလို့ရတာ
ဘာသာတရားနဲ့ဖြေရှင်း။
Phyo Paing @ Derek