ဘဝမှာ အချိန်အကန့်အသတ်ရှိတယ်။
အသက် ၄၀ အောက်
အသက် ၆၀ အောက်
အသက် ၉၀ အောက်
လုပ်ရမည့်အရာတွေကမတူကြပြန်ဘူး။
အသက် ၂၀ အောက်က
စူးစမ်းလေ့လာလောကကို
ရင်ခုန်တဲ့အရွယ်။
အရာရာလင်းလတ်
ရင်ခုန်ဖို့ကောင်းနေတယ်။
အသက် ၄၀ လောက်ရောက်လာရင်
လောကရဲ့အထုအထောင်းနဲ့
လောကဓံတချို့ခံပြီးပြီ။
သူငယ်ချင်းတချို့လဲ
လောကထဲထွက်ခွာသွားပြီ။
အသက် ၆၀ လောက်ရောက်လာတဲ့အခါ
ဘဝဆိုတာ ရုပ်ရှင်လိုပဲ။
ခဏလေးအတွက်
အချိန်တွေကုန်တာပြန်လိုက်တာဖြစ်မယ်။
အသက် ၈၀၊ ၉၀ အရွယ်
ငယ်ငယ်တုန်းကအကြောင်းတွေ
ပြန်ပြန်တွေး မရှိတော့တဲ့သူတွေကို
ကိုယ့်မြေးတွေကို ပြန်ပြောပြတဲ့အချိန်။
အသက် ၂၀ မှာ
အောင်မြင်တယ်ဆိုတဲ့သူက
အသက် ၄၀ ရဲ့စံနှုန်းတွေနဲ့
တမျိုးဖြစ်ရင်ဖြစ်မယ်။
အသက်အရွယ်အလိုက်
အောင်မြင်မှုတွေက
ကွာသွားတယ်။
တချို့က အနာဂတ်ကို
ကံတရားကို ပုံအပ်တာအဆင်ပြေတယ်။
တချို့က အနာဂတ်ကို
တကူးတက ဖန်တီးမှရတယ်။
ကျွန်တော့်ဘဝ ဒီနေ့အထိကတော့
တကူးတက ဖန်တီးတာက ၈၀% မကပါတယ်။
ကံတရားကို ပုံအပ်တာ အဆင်မပြေတော့ရင်
နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေဖို့လိုနိုင်တယ်။
Phyo Paing @ Derek