Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ဘဝရဲ့ အသက်ရှင်မှုလေးကိုခံစားကြည့်ပါ

ကိုယ့်ဘဝရဲ့ အသက်ရှင်မှုလေးကို
ခံစားကြည့်ပါ။
အသက်ကို ဝဝလင်လင်ရှူနေနိုင်တာကို
ကျေးဇူးတင်စရာ
miracle အံ့ဖွယ်တစ်ခုပါ။

ဘဝမှာ ကင်ဆာဆေးသွင်းပြီး
ဘဝနေဝင်ချိန်ကို စောင့်နေသူတွေ
အများကြီးနဲ့ စကားပြောဖူး
ဆေးသွင်းပေးဖူးတယ်။
သူတို့တွေ လောကကြီးမှာမရှိကြတော့ဘူး။

ကုတင်ပေါ်မှာ အသက်ရှူရခက်လို့
စက်အကူနဲ့ အသက်ငင်နေတဲ့သူတွေ
အများကြီးနဲ့ တွေ့ခဲ့ဖူးတယ်။
ကိုယ့်လက်ထဲမှာ အရေးပေါ်ကူရင်း
လောကကြီးကထွက်ခွါသွားတဲ့လူတွေလဲ
ရှိခဲ့ဖူးတယ်။

ဘဝနေဝင်ချိန်ကို မျက်လုံးဖျော့ဖျော့နဲ့
စောင့်ဆိုင်းနေသူတွေအများကြီးတွေ့ဖူးတယ်။
ခင်မင်ခဲ့ဖူးတယ်။

အဲ့ကတည်းက ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။
ငါ့ဘဝ အသက်ရှင်နေသမျှ
အကြည်ဓာတ်အပြည့်နဲ့နေမယ်။
အသက်ရှူတိုင်း ကျေးဇူးတင်စိတ်နဲ့နေမယ်။
လောကအတွက် အကျိုးတစ်ခုရှိအောင်နေမယ်။

အခုလို အသက်မငင်ပဲ
အသက်ဝဝလင်လင်ရှူပြီး
ဘဝမှာ ကျန်းကျန်းမာမာနေနိုင်တာကိုက
ကျေးဇူးတင်စရာပါ။

Phyo Paing @ Derek

drphyopaing

Share Your Idea!​