Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တချို့ဆက်ဆံရေးတွေကရေရှည် ထိန်းသိမ်းထားရမယ်။

Relationship တစ်ခုက
ဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်စေနိုင်တယ်။

ပိုဆိုးတာဖြစ်နိုင်သလို
ပိုကောင်းတာလဲ ဖြစ်နိုင်တယ်။

လူသားအချင်းချင်း ဆက်ဆံရေးရှိသလို၊​
သမီးရည်းစား လင်မယားဆက်ဆံရေး၊
သားသမီး၊ မိဘလဲရှိတယ်။​
တချို့အတွက် ဘုရားနဲ့၊​
တချို့အတွက်က တရားနဲ့လဲရှိမယ်။

တချို့ ဆက်ဆံရေးတွေက
အဆက်အသွယ်ဖြတ်ပြီးတဲ့အချိန်
ဘဝက ပိုကောင်းလာတတ်တယ်။
တချို့ရဲ့ ဆက်ဆံရေးတွေက
စတင်တွေ့ရှိ ထိတွေ့ပြီးမှ
ပိုကောင်းလာတတ်တယ်။

လူဆိုတာ တစ်ယောက်တည်းနေတဲ့
သတ္တဝါမဟုတ်ဘူး။
ကိုယ့်ဘေးက လူနဲ့ ဆက်ဆံရေးအရေးကြီးတယ်။​
တွေ့ကရာလူတွေနဲ့ မပေါင်းနဲ့။
တွေ့ကရာလူ ဘဝထဲ​ပေးမဝင်နဲ့။

တွေ့ကရာ ဘဝထဲပေးဝင်ရင်
တွေ့ကရာ ဘဝဖြစ်လာမယ်။

တချို့ ဆက်ဆံရေးတွေက
ရပ်ရမယ်။
တချို့ ဆက်ဆံရေးတွေက
ကန့်သတ်ရမယ်။
တချို့ဆက်ဆံရေးတွေက
စတင်ရမယ်။
တချို့ဆက်ဆံရေးတွေက
ရေရှည် ထိန်းသိမ်းထားရမယ်။

Phyo Paing @Derek

Share Your Idea!​