1. ကိုယ့်ဘဝရဲ့အကောင်းဆုံး
ဖြစ်နိုင်တဲ့ပုံစံကို စိတ်ကူးယဥ်ပုံဖော်ကြည့်။
ဘာတွေရှိ။
ဘာတွေလုပ်။
ဘယ်လိုလူဖြစ်နေမလဲ။
2. ဒါကို ဖြစ်ဖို့ကူညီပေးမည့်
လူတွေ၊ အဖွဲ့အစည်းတွေ၊ နေရာတွေဆီသွား။
သူတို့ရဲ့ အတွေး၊ အကြံ၊ အလုပ်တွေကို အတုယူ။
ကိုယ့်အမူအကျင့်ကို
ကိုယ့်အကောင်းဆုံးပုံစံဖြစ်ဖို့
ပြုပြင်ပြောင်းလဲ။
3. ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို
ရှင်းရှင်းလင်းလင်းသတ်မှတ်။
ဘာကြောင့် ဒီရည်မှန်းချက်ဖြစ်ချင်လဲပါ
ရှင်းလင်းနေဖို့လိုတယ်။
ပြီးရင် ဖြေရှင်းရမည့် အခက်အခဲ၊
ကျော်လွှားရမည့်အရာတွေကို ချရေး။
4. ပြီးရင် အခက်အခဲတစ်ခုချင်းကျော်လွှား။
အောင်မြင်ရင် ဂုဏ်ပြု။
မအောင်မြင်သေးရင် သင်ခန်းစာယူ။
လုပ်ရပ်ကို ပြန်ပြောင်း။
Phyo Paing @ Derek