Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကံသုံးပါးကောင်းရင် ကြမ္မာလဲသူ့အလိုလို ကောင်းလာနိုင်တယ်။

ဘဝမှာ ထိန်းချုပ်လို့မရတဲ့အရာတွေ
အများကြီးရှိတယ်။
ဒါကြောင့် ဒီထိန်းချုပ်လို့မရတဲ့အရာတွေ
အကောင်းဖက်ဖြစ်နေအောင်
ကိုယ်နဲ့ထိတွေ့တဲ့သူတိုင်း၊ နေရာတိုင်းကိုတော့
အကောင်းဆုံးပေးဆပ်ခဲ့လိုက်တယ်။
ကိုယ့်ကြောင့်သူတပါးမထိခိုက်အောင်လဲ
သတိလေးနဲ့ရှောင်ဖြစ်တယ်။
ဘဝမှာထိန်းချုပ်လို့ရတဲ့အရာတွေလဲ
အများကြီးရှိတယ်။
အဓိကထိန်းချုပ်လို့ရတဲ့အချက်သုံးခုကတော့
ကာယံကံ၊ ဝဇီကံ၊ မနောကံပေါ့။
ဒီကံသုံးပါးကို ထိန်းချုပ်နိုင်တယ်။
ကံကြမ္မာနဲ့လောကဓံကိုတော့
ထိန်းချုပ်ဖို့ခက်ခဲတယ်။
လောကမှာ ကိုယ်ဖြစ်ချင်တာတွေ
အကုန်ဖြစ်ချင်မှလဲဖြစ်မယ်။
ကိုယ်ဖြစ်ချင်တာမဖြစ်ခဲ့လို့လဲ
အကောင်းတွေမဖြစ်တော့ဘူးမဟုတ်ဘူး။
ကိုယ်အချစ်ခဲ့ဆုံးသူနဲ့လွဲသွားနိုင်ပေမယ့်
ကိုယ်ချစ်တဲ့သူကော
ကိုယ့်ကိုအချစ်ဆုံးနဲ့လဲတွေ့နိုင်ပါသေးတယ်။
ကံကို ထိန်းချုပ်လို့ရတယ်။
ကြမ္မာကိုထိန်းချုပ်လို့မရဘူး။
ကံသုံးပါးကောင်းရင် ကြမ္မာလဲ
သူ့အလိုလို ကောင်းလာနိုင်တယ်။
Phyo Paing @ Derek

Share Your Idea!​