Trainer ပေါက်စဘဝက negative feedback တွေတွေ့တဲ့အခါ ကမ္ဘာ့အဝေးဆုံးကို ထွက်ပြေးသွားချင်မိခဲ့ဖူးတယ်။ ဘဝရဲ့ စိတ်ဓာတ်ကျတဲ့အခါတွေကြုံတိုင်းမှာ ဝမ်းနည်းခဲ့ဖူးတယ်။
တဖြည်းဖြည်းရင့်ကျက်လာတော့ This is not the end of the world ကမ္ဘာကြီးအဆုံးမဟုတ်သေးဘူး။ ကိုယ့်ကိုအသေမသတ်နိုင်တဲ့အရာက ကိုယ့်ကိုပိုမိုသန်မာလာအောင်လုပ်ပေးတယ်ဆိုတာ နားလည်လာတယ်။
စစ်သားတွေ စစ်မတိုက်ခင် Training ဆင်းရသလို ဘဝဆိုတာလည်းကိုယ့်ကို lessons တွေပေးတဲ့နေရာတစ်ခုပါ။ ဒီ lessons တွေဟာ သူများဆီကလေ့လာယူရသလို ကိုယ်တွေ့တွေကနေတဆင့်သင်ယူကြတယ်။
ဘဝရဲ့ အရွယ်သုံးပါးမှာ ဘဝကို ဖြတ်သန်းနေရင်း ပိုမိုသန်မာလာဖို့လိုတယ်။
ဒါကြောင့်
၁. ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့လိုတယ်။ Pro ဖြစ်ရမယ်။ Specialized knowledge ရှိရမယ်။
၂. ကိုယ်အလုပ်မလုပ်နိုင်တော့ရင်တောင် ဝင်ငွေရှာပေးနေတဲ့ income sources သုံးခုရှိရမယ်။ တစ်ခုအလုပ်မလုပ်တော့ရင် နောက်တစ်ခုကိုအလွယ်တကူပြန်တည်ဆောက်လို့ရအောင်။
၃. ကိုယ့်ရဲ့သေရေးရှင်ရေး အရေးကြီးတဲ့အချိန်တွေမှာ အကူညီတောင်းလို့ရတဲ့ မိတ်ဆွေတွေလိုတယ်။ ကျန်းမာရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ငွေရေးကြေးရေး၊ ပညာရေး၊ ဥပဒေ၊ စီးပွားရေး၊ တရားဘာဝနာ။
၄. ကိုယ့်စီးပွားရေးကို ကိုယ်မရှိတော့ရင်တောင် စီမံခန့်ခွဲပေးနိုင်တဲ့ Management Team လိုတယ်။ အချိန်တစ်ခုပေးပြီးတော့ တည်ဆောက်ဖို့လိုတယ်။ ကိုယ်ကကြီးအသာစီးမယူပါနဲ့။ ကိုယ့် Team အတွက် Win ကိုအရင်ရှာ၊ ဒုတိယက ကိုယ့်အတွက်၊ တတိယက ကိုယ့် society အတွက်။ Oxygen mask တွေလိုပဲ ကိုယ့်ကိုကိုယ်ကယ်ပြီးမှ society ကိုကယ်နိုင်မှာ။
၅. သင့်ဘဝအတွက် Detailed Plan ရှိရမယ်။ ဘာအိမ်မက်တွေရှိလဲ။ ဒီအိမ်မက်အကောင်အထည်ဖော်ဖို့ detailed planning လိုတယ်။
ဘဝကို training ဆင်းနေရင်း အဓိပ္ပာယ်ရှိရှိဖြတ်သန်းကြမယ်။
၆. နောက်ဆုံးအနေနဲ့တော့ တစ်နှစ်မှာ ရက်သုံးဆယ်လောက် adventure အတွက် အချိန်တွေပေးဖို့လိုတယ်။ သမရိုးကျ ဘဝကြီးကို ဒီအတိုင်းဖြတ်သန်းရတာ အဓိပ္ပာယ်သိပ်မရှိဘူးလေ။
Phyo Paing @ Derek