ကျွန်တော်တို့ လူငယ်တွေမှာ ရှိတာ အချိန်ပဲ။
ဒါဟာ လူငယ်တိုင်းရဲ့အခွင့်အရေးဖြစ်သလို
နောက်တစ်ခုက အင်တာနက်ဖြစ်ပြီး
သူငယ်တန်းထဲက အင်္ဂလိပ်လိုသင်လာတဲ့အတွက်
ဒါဟာလည်း အားသာချက်တစ်ခုထပ်ဖြစ်စေတယ်။
အခုစျေးကွက်မှာ အလုပ်အကိုင်ရှားပါးကောင်း
ရှားပါးလိမ့်မယ်။
Skill ကိုသာကျွမ်းကျင်အောင်လုပ်ပါ။
Marketable skillset ရှိလို့ ပြည်တွင်းမှမဟုတ်ဘူး
ပြည်ပကိုလည်း ရောင်းလို့ရတာပဲ။
ဥပမာ design တစ်ခုကိုပြည်တွင်းမှာအပ်တယ်။
အဆင်မပြေဘူး။
အင်တာနက်က freelancer platform မှာအပ်တယ်။
စက္ကန့်ပိုင်းအတွင်း Project proposal တွေတက်လာပြီး
2 နာရီအတွင်းပြီးတယ်။
သုံးဆ ပိုကုန်တယ်။ စိတ်တိုင်းကျတယ်။
ကျွန်တော်တို့ မြန်မာပြည်ရဲ့ အနာဂတ်က
ကျွန်တော်တို့ လူငယ်တွေလက်ထဲမှာဖြစ်တယ်။
တနေ့ သယံဇာတတွေ ကုန်တဲ့အခါ
ပညာနဲ့ ကျွမ်းကျင်မှုကို အသုံးပြုရမှာဖြစ်တယ်။
India နဲ့ China နဲ့အပြင်
အိမ်နီးချင်းနိုင်ငံတွေနဲ့ Skill ချင်း
ယှဉ်တဲ့အခါ သူတို့ထက် သာနေမှ
သူတို့ကို ခိုင်းလို့ရမှာဖြစ်တယ်။
ဒီနေ့ခေတ်က စစ်တိုက်ပြီး ကျွန်ပြုတာထက်
ပညာနဲ့ ကျွန်ပြုတာဖြစ်တယ်။
တကယ်လို့ နိုင်ငံကို လူငယ်တွေ
ဦးဆောင်ရတဲ့တစ်နေ့
တခြားနိုင်ငံက လူတွေနဲ့ ပြိုင်နိုင်ပါ့မလား?
အချိန်ရယ်၊ အင်တာနက်ရယ်၊ အင်္ဂလိပ်ရယ်၊
ကြိုးစားအားထုတ်မှုရယ်ရှိရင် Yes ပါ။
လူငယ်တွေမှာ အချိန်ရှိပါတယ်။
ဒါပေမယ့် နာရီလက်တံလည်နေပါတယ်။
Phyo Paing @ Derek