Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

AI ခေတ်မှာ
အရင်အထာနဲ့ အရာမထင်တော့ဘူး။

AI ခေတ်မှာ နောက်ကျကျန်ခဲ့တာက
AI မသုံးတတ်လို့တင် မဟုတ်ဘူး။
AI ကို အထင်သေးခဲ့လို့လည်း ဖြစ်နိုင်တယ်။

Jack Ma ပြောခဲ့တဲ့ အတွေးတစ်ခုရှိတယ်။

လူတွေမအောင်မြင်ရခြင်းက
ဒီလေးခုကြောင့်တဲ့။
သူကတော့ တရုတ်လိုစကားလုံးသုံးလုံးစီနဲ့ပြောခဲ့တာလေး
သဘောကျလို့ ပြန်မျှဝေပါရစေ။

လူအများစု ကျဆုံးတာက ဒီလေးခုကြောင့်။

看不见 — Kàn bù jiàn
မမြင်ဘူး။

看不起 — Kàn bù qǐ
မြင်ပေမယ့် အထင်မကြီးဘူး။

看不懂 — Kàn bù dǒng
အရေးကြီးမှန်းသိလာပေမယ့် နားမလည်ဘူး။

来不及了 — Lái bù jí
နားလည်တဲ့အချိန်မှာ နောက်ကျသွားပြီ။

AI နဲ့ ဥပမာပေးကြည့်မယ်။

အစက ChatGPT ပေါ်လာတယ်။

လူတချို့က

“ဒါဘာကြီးလဲ။”
“ငါနဲ့မဆိုင်ပါဘူး။”

ဆိုပြီး မသိ၊ မမြင်ဘူး။

ဒါ 看不见။

နောက်တော့ AI က
စာရေးပေးတာ၊
ပုံထုတ်ပေးတာ၊
မေးတာဖြေပေးတာတွေ မြင်လာတယ်။

ဒါပေမယ့်

“ဒီလောက်တော့ ငါလည်းလုပ်တတ်တာပဲ။”
“စာတောင် မှားသေးတယ်။”
“လူလောက် ဘယ်တော်ပါ့မလဲ။”

ဆိုပြီး အထင်မကြီးဘူး။

ဒါ 看不起။

နောက်တစ်နှစ်၊ နှစ်နှစ်ကြာတော့
AI က ပိုတော်လာတယ်။

စာရေးတာတင်မဟုတ်တော့ဘူး။

Research လုပ်တယ်။
ပုံထုတ်တယ်။
Video လုပ်တယ်။
Coding ရေးတယ်။
Data စစ်တယ်။
အလုပ်တွေ အလိုအလျောက် လုပ်ပေးတယ်။

ဒီအချိန်ကျတော့

“ဟာ… ဒါတကယ်အရေးကြီးတာပဲ။”

သိလာတယ်။

ဒါပေမယ့်

“ငါ့အလုပ်မှာ ဘယ်လိုသုံးရမလဲ။”
“ငါ့လုပ်ငန်းမှာ ဘယ်လိုထည့်ရမလဲ။”
“ဘာကစရမလဲ။”

မသိသေးဘူး။

ဒါ 看不懂။

နောက်ဆုံးကျတော့
AI ကို ကောင်းကောင်းသုံးတတ်တဲ့သူတွေက
အလုပ်ကို ပိုမြန်မြန်လုပ်နေပြီ။

တစ်ယောက်တည်းနဲ့
အရင်လူအများကြီးလုပ်ရတဲ့အလုပ်ကို
လုပ်နိုင်နေပြီ။

လုပ်ငန်းတွေကလည်း
AI နဲ့ အလုပ်လုပ်ပုံပြောင်းနေပြီ။

အဲဒီအချိန်ကျမှ

“ငါလည်း AI လေ့လာမှဖြစ်တော့မယ်”

ဆိုပြီး စရင်

သူများက ရှေ့အများကြီးရောက်နေပြီ။

ဒါ 来不及။

မမြင်ဘူး။
မြင်တော့ အထင်မကြီးဘူး။
အရေးကြီးလာတော့ နားမလည်ဘူး။
နားလည်တဲ့အချိန်မှာ နောက်ကျသွားပြီ။

ဒါ နည်းပညာအပြောင်းအလဲတိုင်းမှာ
ဖြစ်တတ်တဲ့ pattern တစ်ခုပါ။

ဒါကြောင့် AI ကို
ကြောက်ဖို့ မလိုဘူး။

အထင်ကြီးနေဖို့လည်း မလိုဘူး။

လေ့လာကြည့်။
ကိုယ်တိုင်စမ်းကြည့်။
ကိုယ့်အလုပ်မှာ အသုံးချကြည့်။

အလုပ်ဖြစ်တာ ဆက်လုပ်။
အလုပ်မဖြစ်တာ ပြင်။

ခေတ်ပြောင်းတာကို
ကြိုခန့်မှန်းနိုင်ဖို့ မလိုပါဘူး။

ပြောင်းနေတာကို မြင်တဲ့အချိန်မှာ
မြန်မြန်လေ့လာပြီး ပြောင်းတတ်ဖို့ပဲလိုတယ်။

AI ခေတ်မှာ
အရင်အထာနဲ့ အရာမထင်တော့ဘူး။

Phyo Paing @ Derek

Share Your Idea!​