Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Most Popular Posts

လစာတစ်ခုတည်းကိုပဲ အားကိုးနေတာဟာ အခန်းတစ်ခန်းလုံးကို မီးအိမ်တစ်လုံးတည်းနဲ့ လင်းအောင်ထားသလိုပါပဲ။

my lifework

Business is a spiritual pursuit

အရှုံးအမြတ်၊ ဝင်ငွေတွေကို တခြားသူတွေနဲ့နှိုင်းယှဥ်တဲ့အခါ သာနေရင်ပျော်မယ်။ နောက်ကျနေရင် စိတ်ညစ်မယ်။ စီးပွားရေးရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုကို ယူဆောင်ပေးတဲ့ activities တွေဖြစ်တဲ့အတွက် တခြားသူနဲ့ နှိုင်းယှဥ်ပြီး စိတ်ညစ်နေစရာမလိုဘူး။

လူတိုင်း လုပ်ငန်းလုပ်တဲ့အခါ တိုးတက်ဖို့ ကြိုးစားအားထုတ်ရတာကြီးပဲ။ ဒီ struggle က ကိုယ့်ကို ပျော်ရွင်မှုတွေယူပေးတဲ့ struggle လေးဖြစ်ဖို့လိုတယ်။ ကိုယ်ချစ်တဲ့ လုပ်ငန်းကိုလုပ်ရင်း စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုတွေကို ယူဆောင်နိုင်ရင် ဘဝရဲ့ blessings ပဲ။

ဘယ်လုပ်ငန်းက ဝင်ငွေဘယ်လောက်ဝင်တဲ့အတွက် အဲ့လုပ်ငန်းကိုလုပ်ဆိုတာထက် ကိုယ့်ချစ်တဲ့ industry ရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးတိုးတက်သွားဖို့ ပိုအရေးကြီးတယ်။ ဘယ် industry မှာမဆို အမြဲတမ်း မုန့်ဝေနေမှာမဟုတ်ဘူး။ ဒုတ်ဝေတဲ့ကာလလဲရှိမယ်။ ခံယူချက်အရေးကြီးတယ်။

လုပ်ငန်းတစ်ခုထက်ပိုလုပ်တာ ပြဿနာမဟုတ်ဘူး။ ကိုယ်မချစ်တဲ့လုပ်ငန်းတွေကို ငွေတစ်ခုအတွက်ပဲလုပ်တဲ့အခါ ရေရှည်မှာ ကိုယ့်ရဲ့ တီထွင်ဆန်းသစ်မှု၊ အာရုံစိုက်မှုတွေကို ထိခိုက်စေနိုင်တယ်။ ကိုယ့်ရဲ့ စူပါပါဝါတွေကို ထုတ်ပေးဖို့ အတားအဆီးဖြစ်စေနိုင်တယ်။

ကိုယ်ချစ်တဲ့လုပ်ငန်း၊ industry လုပ်နေရင် လုပ်ငန်းအကြောင်းမစဥ်းစားနဲ့ဆိုရင်တောင် မရဘူး။ ကိုယ့်လုပ်ငန်းအကြောင်းမစဥ်းစားပဲ မနေနိုင်တာဟာ လုပ်ငန်းအောင်မြင်မှုအတွက် အရေးကြီးပါတယ်။ ကိုယ်ချစ်တဲ့လုပ်ငန်းတွေကို လုပ်ပါ။ အစမှာ အခက်အခဲရှိနိုင်ပေမယ့် ရေရှည်မှာ “စီးပွားရေးလုပ်နည်း” သိရင် စိတ်ချမ်းသာမှု၊ ကျေနပ်မှုကို ယူဆောင်လာမှာဖြစ်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​