CENTS
ဒီနေ့ခေတ်လုပ်ငန်းလုပ်တဲ့အခါ M. J. DeMarco ရဲ့ concept တစ်ခုပါ။ ကျွန်တော်စဥ်းစားတဲ့ပုံစံနဲ့လဲ တော်တော်လေးတူတာကိုတွေ့ရတယ်။
၁။ Control ပါ။ ကိုယ့်လုပ်ငန်းကို ကိုယ် ၁၀၀% control လုပ်လို့မရရင် သူများစေရာလုပ်နေရမှာ ဖြစ်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ Business က Youtube ကြော်ငြာရနေ ဝင်ငွေရနေတာမျိုး၊ Facebook ကိုအရမ်းမှီခိုနေရတာမျိုး။ Affiliate အလုပ်မျိုးတွေပါ။ ကျွန်တော်တို့ လုပ်ငန်းစခဲ့ကြတာ control အလုပ်မခံချင်လို့ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းသည် တခြားသူတွေ control လုပ်ခံတဲ့လုပ်ငန်းမဖြစ်ဖို့လိုတယ်။
2. Entry ပါ။ လူတကာ အလွယ်တကူဝင်လုပ်လို့ရတဲ့ လုပ်ငန်းတစ်ခုဆိုရင် ဒီလမ်းမှာ overcrowded ဖြစ်နေပြီး traffic ကြားထဲကနေ အရှေ့ရောက်ဖို့ခက်လိမ့်မယ်။ Entry သိပ်မလွယ်တဲ့လုပ်ငန်းတစ်ခုဖြစ်ရမယ်။
3. Need ပါ။ ကိုယ်ဝါသနာပါတာထက် ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ဖြေရှင်းဖို့လိုပါတယ်။ ကျွန်တော်တို့လို passion-based entrepreneur တွေအတွက် ရူးသွပ်ရာကိုလုပ်မယ်ဆိုတဲ့အခါတိုင်း ဒီအရာကို စျေးကွက်ကလိုအပ်ချက်ရှိရဲ့လား ပြန်မေးကြည့်ဖိုလိုတယ်။ လုပ်ငန်းတစ်ခုဆိုတာ ဖောက်သည်တွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းရင်းအသက်ရှင်တာဖြစ်တဲ့အတွက် ဖောက်သည်တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့က အသက်ပါ။ အခုလို Covid-19 ကာလမှာ လိုအပ်ချက်အသစ်တွေဖြစ်လာပြီ။
4. Time ကတော့ ကိုယ်မရှိလဲလည်ပတ်နေဖို့လိုပါတယ်။ ဥပမာ 2019 ကစလို့ Training အများစုကို digital product ပြောင်းလိုက်တဲ့အခါ အချိန်နဲ့ လဲစရာမလိုတော့သလို Unit Economics ဖြစ်လာတယ်။ အချိန်နဲ့ ငွေနဲ့ လဲနေသမျှတော့ လုပ်ငန်းကို နောက်တစ်ဆင့်တက်ဖို့ မလွယ်ကူဘူး။ ဒါကြောင့်ဖြစ်နိုင်ရင် လုပ်ငန်းသေးသည်ဖြစ်စေ သေးသည်ဖြစ်စေ Build the business that works with or without you ဖြစ်ဖို့လိုတယ်။
5. Scale ကနေ လုပ်ငန်းချဲ့ထွင်တဲ့အဆင့်ပါ။ ကိုယ့်လုပ်ငန်းက ငွေကုန်ကြေးကျမများပဲချဲ့ထွင်လို့ရလား။ ဥပမာ အရင်းအမြစ်တွေအများကြီးထပ်သုံးစရာမလိုပဲ ချဲ့ထွင်လို့ရတဲ့လုပ်ငန်းမျိုးလား ဆိုတဲ့အချက်ကို စဥ်းစားရပါတယ်။
ဒါကတော့ ကျွန်တော်တို့လို lifestyle entrepreneur တွေအတွက်လိုအပ်တဲ့ CENTS ပါ။
ကျွန်တော့်ရဲ့ rule ခုနှစ်ခုကတော့
1. Product အပေါ် ၁၀၀% control လုပ်နိုင်ရမယ်။
2. ကြိုက်စျေးသတ်မှတ်လို့ရနိုင်ရမယ်။
3. ပစ္စည်းကျန်တာ Inventory cost မရှိရဘူး။
4. Intangible product ဖြစ်ရင်ပိုကောင်းတယ်။
5. အချိန်ကြာလာတာနဲ့အမျှ ကျွမ်းကျင်မှု level operation effectiveness ပိုကောင်းလာရမယ်။
6. Team က lean ဖြစ်ရမယ်။ လူနည်းနည်းနဲ့ လည်ပတ်နိုင်ရမယ်။ လူတစ်ယောက်ချင်းစီရဲ့ productivity သည် ပုံစံတူတွေရဲ့ ၃ ယောက်ခန့်ထားတာနဲ့ တူရမယ်။
7. လုံးဝမရှုံးရဘူး။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay