ဘဝမှာ နေပျော်ဖို့ ကိုယ်ငွေရှာတဲ့ပုံစံ
လုပ်ငန်းကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။
အသက်ရှင်နေရအုံးမှာ ဆိုတော့
ငွေကတော့ ရှာနေမှ ကိုယ်နေချင်တဲ့
lifestyle ကို ထိန်းသိမ်းကာကွယ်ထားနိုင်မယ်။
ဒီလိုလုပ်နိုင်ဖို့
၁။ အနုပညာရှင်လို ငွေရှာပေးတဲ့
ကုန်ပစ္စည်းတွေလိုတယ်။
၂။ အတတ်ပညာရှင်လို့ ငွေရှာပေးတဲ့
ဝင်ငွေလမ်းကြောင်းလိုတယ်။
၃။ လူတွေရဲ့ ပြဿနာကိုဖြေရှင်းပေးရင်း
ငွေရှာပေးတဲ့ ဝင်ငွေလမ်းကြောင်းနဲ့
၄။ လူတွေကို ရင်ခုန်မှုပေးရင်း
ငွေရှာာပေးတဲ့ ဝင်ငွေလမ်းကြောင်းလိုတယ်။
အနုပညာရှင် artist လို လမ်းကြောင်းတည်ဆောက်ဖို့
လူအယောက် ၁၀၀၀ အတွက်ပဲ လုပ်တယ်။
ဒီ 1000 true fans ဟာ ဘာရောင်းရောင်း
ဝယ်မည့်သူတွေ။
ကိုယ့်ကုန်ပစ္စည်းကို အနုပညာလိုသာလုပ်။
အတတ်ပညာရှင်လို ရှာဖို့အတွက်
ကိုယ်လုပ်တဲ့အလုပ်မှာ ကိုယ်က
တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေဖို့လိုတယ်။
indispensable အစားထိုးလို့မရအောင်
ကျွမ်းကျင်နေဖို့လိုတယ်။
ဒီနှစ်ခုကတော့ ကိုယ်တိုင်လုပ်တယ်။
ကျန်တဲ့နှစ်ခုကိုတော့ group နဲ့ သွားတယ်။
ကိုယ်က အကြံပဲပေးတယ်။
ဘဝကို အထာကျကျ ဖြတ်သန်းချင်ရင်
လူတိုင်းကို မရောင်းနဲ့။
လူတိုင်း ကိုယ့်ဖောက်သည်မဖြစ်နိုင်ဘူး။
လူ့အလိုနတ်မလိုက်နိုင်ဘူး။
ဘူစတန်မာ (Bustomers = ဘူကောင်ကာစတန်မာ) တွေကို
ရှောင်ပါ။
ကိုယ့်တန်ဖိုးကို အမှန်တကယ်သိတဲ့သူတွေကိုပဲ
အကောင်းဆုံး ဝန်ဆောင်မှုပေးပါ။
စီးပွားရေးမှာ အရေးအကြီးဆုံးက
Choose your clients, Choose your future ပဲ။
ဒါကတော့ အခုလက်ရှိ
လက်ကိုင်ထားတဲ့ အတွေးအခေါ်ပေါ့။
Phyo Paing @ Derek