အနာဂတ်မှာ အင်တာနက်ကတော့
ဆက်ရှိနေအုံးမယ်လို့ထင်တယ်။
မရှိရင် ကိုယ်တွေလဲ ဒီမှာ
နေနိုင်မယ်လို့ မထင်ဘူး။
အင်တာနက်ရှိနေရင်
Creator Economy ကတော့
ရှိနေအုံးမှာပဲ။
Creator တွေဟာ လွတ်လပ်စွာ
ဖော်ထုတ်ပိုင်ခွင့်နဲ့
Digital နည်းပညာတွေတိုးတက်မှုနဲ့အတူ
ပေါ်လာကြတယ်။
ကျွန်တော်ကတော့ Creator တွေကို
Artists
Bloggers
Coders
Designers
Entrepreneurs ဆိုပြီး
A, B, C, D, E ဆိုပြီး
အလွယ်တကူပြောလေ့ရှိတယ်။
ဒီလူတွေ တခြားသူတွေနဲ့ မတူတာက
ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို
အသစ်တွေ ဖန်တီးပေးခြင်းနဲ့
အလုပ်အကျွေးပြုတယ်။
#CreaThit
Phyo Paing @ Derek