Differentiate or Die
သာမန် လူတွေကို ရောင်းဖို့
သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။
ဒါ ဒီနေ့ခေတ်ရဲ့ မားကတ်တင်း
အတွေးအခေါ်ဖြစ်တယ်။
သာမန်လူတွေအတွက်
သာမန်ကုန်ပစ္စည်းတွေ ထုတ်ခြင်းဟာ
ရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ ဆိုကြတယ်။
သာမန် ဖုန်းဆိုင်၊ သာမန် လက်ဖက်ရည်ဆိုင်
သာမန် စားသောက်ဆိုင်၊ သာမန် အထည်ဆိုင်
သာမန် လက်ဝတ်ရတနာဆိုင်
ဒီ သာမန် ကုန်ပစ္စည်းရောင်းတဲ့
သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။
စီးပွားရေးလုပ်ငန်းမှာ ထူးရင်ထူး
မထူးရင် အဆင်မပြေလို့ မျက်စံပြူးမယ်။
Differentiate or Die ပဲ။
ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကို
ရူးသွပ်ဖို့လိုတယ်။
ဆရာကျအောင် လေ့လာနေဖို့လိုတယ်။
တီထွင်ဆန်းသစ်ဖို့လိုတယ်။
ကိုယ့်လုပ်ငန်းက
• Business Model နဲ့ ထူးအောင်လုပ်မှာလား ?
• ကုန်ပစ္စည်းနဲ့လား ?
• ဝန်ဆောင်မှုနဲ့လား ?
• စျေးနှုန်းနဲ့လား ?
• Marketing လုပ်တဲ့ပုံစံနဲ့လား ?
တစ်ခုခုတော့ ထူးပြီး တီထွင်ဆန်းသစ်နိုင်ဖို့ လိုပါတယ်။
AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay