လုပ်ငန်းအသေးလေးတွေစတဲ့အခါ Entrepreneur အများစုက ကိုယ့်ကိုကိုယ် small business လို့ပဲ မြင်ကြတယ်။ Small business ဆိုတာမရှိဘူး။ Small business owner ပဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတစ်ခုရဲ့ Sale နဲ့ Profit ကို သင်ခန့်ထားတဲ့ ဝန်ထမ်းဦးရေနဲ့ တိုင်းတာလို့မရတော့ဘူး။ နည်းပညာကို leverage လုပ်မလား၊ supply chain နဲ့ network ကို leverage လုပ်မလား၊ အတွေ့အကြုံကို leverage လုပ်မလား၊ levearge လုပ်စရာတွေအများကြီးရှိလာပြီ။
စီးပွားရေး စလုပ်ကတည်းက ကျွန်တော့်ရဲ့ philosophy က အမြတ်ရဖို့ဆိုတာထက် ကိုယ့်ကိုကိုယ်တိုးတက်ဖို့ကို အဓိကစဥ်းစားခဲ့တယ်။ အလုပ်လုပ်တဲ့အခါမှာလဲ ဒီအတိုင်းပဲ။ အကောင်းဆုံး ရင်းနှီးမြုပ်နှံသင့်တဲ့ နေရာကလဲကိုယ့်ကိုကိုယ်လို့ ယုံကြည်တယ်။ ကိုယ်တိုးတက်သလောက်၊ ဥာဏ်ရှိသလောက်ပဲ ကိုယ့်လုပ်ငန်းက တိုးတက်နိုင်တာလို့ယုံကြည်တယ်။
စတင်တဲ့ Entrepreneur အများစုဟာ ကိုယ့်ကိုကိုယ်အတွက်တောင် personal plan နဲ့ personal budget နဲ့ cashlfow projection မလုပ်ပဲ၊ ကိုယ့် business အတွက်ကို business plan တွေနဲ့ ကိုယ်မရှိပဲလည်ပတ်ချင်ကြတယ်။ ကိုယ့်လုပ်ငန်းက ကိုယ့်ရဲ့ကလေးပါ။ ကိုယ့်ကလေးကို ထိန်းကျောင်းအုပ်ချုပ်နိုင်ဖို့ ကိုယ့်အပေါ်အများကြီးမူတည်ပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့၊ တိုးတက်အောင်လုပ်ဖို့လိုအပ်ပါတယ်။
ကျွန်တော့်ခံယူချက်ကတော့ I just don’t build businesses. I am building myself everyday ပါ။ နေ့စဥ် ကိုယ့် business ကသင်ပေးလိုက်တာတွေကို သင်ခန်းစာယူတယ်။ တစ်နေ့မှာ ဒီထက်ပိုကြီးတဲ့ business ကို စီမံခန့်ခွဲတဲ့အခါ အတွေ့အကြုံရှိပြီးဖြစ်မှာဖြစ်တယ်။
Phyo Paing @ Derek