Jack Canfield ကတော့ Chicken Soup for the Soul နဲ့ နာမည်ကြီးခဲ့တဲ့ စာရေးဆရာနဲ့ personal development guru ဖြစ်ပါတယ်။
သူ့ရဲ့ ကမ္ဘာကျော်တဲ့ အောင်မြင်ရေး Formula တစ်ခုရှိပါတယ်။
ဒါကတော့ E + R = O ပဲဖြစ်ပါတယ်။
E = Event ဖြစ်ရပ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေပါ။ ဥပမာ ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာတာ။ စီးပွားရေးစတင်တဲ့အခါ Covid-19 ဖြစ်တာ။ အစရှိတဲ့အဖြစ်အပျက်တွေဖြစ်ပါတယ်။
R = Response တုံ့ပြန်မှုပါ။ ဖြစ်လာတဲ့အဖြစ်အပျက်အပေါ် ဘယ်လိုတုန့်ပြန်လဲဆိုတာ ကျွန်တော်တို့ရဲ့ အပြုအမူနဲ့ဆိုင်ပါတယ်။ အပြုအမူဆိုတာ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။
O = Outcome အထက်ဖော်ပြပါ နှစ်ခုအပေါ်မူတည်ပြီး ရလဒ်ဖြစ်ပေါ်လာပါတယ်။ ဒီရလဒ်ဟာ ကျွန်တော်တို့ရဲ့ ဘဝဖြစ်ပါတယ်။
ရှုံးနိမ့်သူအများစုသည် အဖြစ်အပျက်တွေပေါ်မှာ ညည်းတွားပြီး စိတ်ဓာတ်ကျနေတတ်ကြတယ်။ Event တွေအပေါ်မှာ ယူကြုံးမရ ပစ်တင်တတ်ကြတယ်။
အောင်မြင်သူများကတော့ အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး အကောင်းဆုံးတုံ့ပြန်တတ်ကြတယ်။ ဒါကြောင့် Event 10% + Response 90% = Outcome 100% နဲ့ နေကြတယ်။
ဒါကြောင့် Outcome ကောင်းချင်ရင် အဖြစ်အပျက်များကို အကောင်းမြင်စိတ်နဲ့ အကောင်းဆုံးတုံ့ပြန်ပါ။ ဒီတုံ့ပြန်မှုဟာ မိတ်ဆွေရဲ့ ရွေးချယ်မှုဖြစ်ပါတယ်။
#Akyanpay