ကုန်ပစ္စည်းတွေ အရမ်းများတဲ့ခေတ်မှာ ကိုယ့်ရဲ့ Product/ Service ကိုပြန့်စေချင်ရင် တစ်ယောက်နဲ့တစ်ယောက် အပြောများအောင် ideavirus တစ်ခုဖန်တီးဖို့အရေးကြီးတယ်။
ဥပမာ 4-hour work week ကိုရေးတဲ့ Tim Ferriss ဆို တစ်ပတ်မှာ လေးနာရီပဲအလုပ်လုပ်ပြီး ဘယ်လိုဘဝကို အထားကျကျဖြတ်သန်းမလဲဆိုတာကို Mini-retirement concept နဲ့ရေးသွားတယ်။ အရမ်းပေါက်တယ်။ နောက်ပိုင်းမှာ 4-hour body နဲ့ 4-hour chef တို့ထက်လာတယ်။
Seth Godin အနေနဲ့လည်း ၂၀၀၁ မှာ ideavirus နာမည်နဲ့စရအုပ်တစ်အုပ်ထုတ်ဖူးတယ်။
Iphone ကို ၂၀၁၇ မှာ စတင်မိတ်ဆက်တော့ တခြားဖုန်းတွေနဲ့ comparison လုပ်ပြီး A Phone + IPod + Breakthrough internet communicator ဒီသုံးခုကိုပေါင်းထားပြီး touchscreen idea ကိုစတင်မိတ်ဆက်ခဲ့တယ်။
Roger Hamilton ဆိုရင် Wealth Dynamics ဆိုတာကို ဖန်တီးပြီး စွန့်ဦးတီထွင်တွေရဲ့ Personality ကို test လုပ်ပြီး geniusu platform ကိုဖန်တီးခဲ့တယ်။ cult-like following လို့တောင်တင်စားလို့ရတယ်။
Tony Robbins ဆိုရင် အပြောင်းအလဲတစ်ခုဖြစ်ဖို့ အချိန်အများကြီးမလိုဘူး။ Change can be happened (in a heartbeat) စက္ကန့်ပိုင်းအတွင်းပြောင်းလဲနိုင်တာကိုပြောခဲ့တယ်။ တစ်နှစ်ကို သန်း ၁၀၀ လောက် seminar က ဝင်တယ်လို့ဖတ်ဖူးတယ်။
အရင်ခေတ်လူတွေဟာ ideology တစ်ခုကြောင့် စစ်ပွဲတွေဖြစ်၊ အသက်တွေပေးကြတယ်။ ဒီနေ့ခေတ် business လုပ်တဲ့နေရာမှာ သူများထက်ထူးခြားချင်တယ်၊ ကြော်ငြာ budget တွေအများကြီးမသုံးချင်ဘူးဆိုရင် virus လို ပြန့်နိုင်မည့် idea လိုတယ်။ နောက်ဒီ idea ကိုပြန့်ဖို့အဆင့်တွေလိုတယ်။ အချိန်ရကရေးပါအုံးမည်။
Xiaomi – Innovative ဖြစ်ပြီး Quality ကောင်းတဲ့ပစ္စည်းကိုဝယ်ဖို့ စျေးကြီးကြီးပေးစရာမလိုဘူး။ less for more strategy.
သင့်လုပ်ငန်းရဲ့ main idea က ဘာလဲ?
Phyo Paing @ Derek