သင်တန်းသားတစ်ယောက်က Leadership မှာဆို Law တွေရှိတယ်။ Marketing မှာ Law တွေမရှိဘူးလားမေးလို့ အများကြီးထဲကမှ Law သုံးခုကို ဖော်ပြလိုက်ပါတယ်။
1. The Law of Focus
စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါ စျေးကွက်ရှာ ပညာမှာ စကားလုံးတစ်လုံးကို ပိုင်ဆိုင်နိုင်ဖို့ကြိုးစားရပါတယ်။
ဥပမာ FedEx သည် ကုန်ပစ္စည်များကို တစ်ရက်အတွင်းပို့ပေးနိုင်တယ်ဆိုတဲ့ Overnight ဆိုတဲ့စကားလုံးကို အပိုင်ရယူဖို့ကြိုးစားပါတယ်။ Coca Cola ဆို Marketing မှာ Happiness ဆိုတဲ့စကားလုံးကိုပိုင်ဖို့ Open Happiness ဆိုပြီးကြိုးစားသွားပါတယ်။ Volvo ဆို Safety ကိုသွားပါတယ်။
2. The Law of category
အရင်က ပေါက်စီတွေကို အလွှာတွေနဲ့ ပြိုင်ကြတယ်။ ၁၀ လွှာတို့ ၁၂ လွှာတို့။ နောက်ပိုင်းမှာ ရွှေမန်းမြေက New Category တစ်ခုထွင်လိုက်တယ်။ တစ်လွှာတည်းရှိတယ်။ ဒါ မန်းမြို့တော်ပေါက်စီ။
စျေးကွက်ကို category တွေနဲ့ ကြည့်လို့ရပါတယ်။ ဥပမာ အချိုရည်မှာဆို Cola category, green tea category, energy drink category, etc. ကိုယ်က category တစ်ခုကို အစိုးမရနိုင်ရင် category အသစ်တစ်ခုထွင်ဖို့ကြိုးစားရပါတယ်။
တရုတ်မှာ Coca Cola ကိုပြိုင်တဲ့အခါ Cola နဲ့မပြိုင်ပါဘူး။ Green Tea ဖြစ်တဲ့ 加多宝 JDB နဲ့ပြိုင်ပါတယ်။
2017 နှစ်ဆန်းမှာ Marketing ဆိုတဲ့ category အောက်ကသွားမည့်အစား new category တစ်ခုစဉ်းစားတဲ့အခါ Guerrilla Marketing ဆိုတဲ့ category တစ်ခုစဉ်းစားမိတယ်။ ဒီလကုန်တောင်အတန်းရှိသေးတယ်။ နောက်တစ်ခုက
3. The Law of Sacrifice
အောင်မြင်ချင်ရင် အနှစ်နာခံရတယ်ဆိုတာကြားဖူးမှာပါ။ Donald Trump သည်တစ်ချိန်က တိုက်တာအဆောက်အဦး ကာဆီနိုကအစ အိမ်သာခွက်ထိ Trump Brand ကပ်ရောင်းတဲ့အခါ လုပ်ငန်းအများစု ဒေဝါလီခံရဖူးပါတယ်။
Brand တစ်ခု၊ လူတစ်ယောက်သည် နေရာစုံမှာမတော်နိုင်ပါဘူး။ McDonald က က branded တစ်ခုဖြစ်ပေမယ့် ဖုန်းထုတ်ရင်ဝယ်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တချို့အရာတွေကို စွန့်လွတ်တတ်ဖို့လိုပါတယ်။
Apple Inc မှာ Steve Jobs ပြန်လာတဲ့အချိန်မှာ ဒေဝါလီခံရတော့မည့်ဆဲဆဲမှာ ကုန်ပစ္စည်းပေါင်း ၅၀ ကျော်ထုတ်နေပါတယ်။ 1997 Steve Jobs ပြန်လာတဲ့အခါ အကုန်ပိတ်သိမ်းပစ်ပြီး Category လေးမျိုးကိုသာ အာရုံစိုက်ခဲ့ပါတယ်။ ဒီကတစ်ဆင့် company ပြန်ကြီးလာပြီး ခုဆိုရင် ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံး company ဖြစ်လာတယ်။
၂၀၁၆ က ဆို ဒီ Law ကို မလိုက်နာပဲ သင်တန်းပေါင်း ၁၅ ခုလောက်ဖွင့်တယ်။ လူပင်ပန်းပေမယ့် Growth နှေးခဲ့တယ်။ 2017 ကစပြီး Marketing မှာ GMP ( Guerrilla Marketing Plan), GMC (Guerrilla Marketing Coach) နဲ့ GMM (Guerrilla Marketing Mastermind) ဒီသုံးခုကိုပဲအာရုံစိုက်ခဲ့လိုက်တယ်။
Law တွေရှိတဲ့အတွက် မလိုက်နာရင် Risk တွေရှိတတ်ပါတယ်။
Phyo Paing @ Derek