Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Lifestyle Design

လိုချင်တဲ့ ဘဝကိုတည်ဆောက်ဖို့ ဘဝနေထိုင်မှုပုံစံကို စဉ်းစားရတယ်။ Lifestyle Design လုပ်ဖို့ အဓိက အချက် သုံးချက်ကို စဉ်းစားရတယ်။

ဒါတွေကတော့

၁. နေထိုင်ချင်တဲ့ ဘဝပုံစံကဘယ်လိုဖြစ်မလဲ?
၂. မသေခင် မဖြစ်မနေ အကောင်ထည်ဖော်ချင်တဲ့အရာတွေကဘာလဲ?
၃. ဘယ်နေရာမှာနေနေ ဝင်ငွေရှိအောင်ဘယ်လိုလုပ်မလဲ?

=========================
၁. နေထိုင်ချင်တဲ့ ဘဝပုံစံစဉ်းစားတဲ့အခါ
=========================

၁. ကိုယ့်ရဲ့လက်ရှိတန်ဖိုးထားမှု
၂. အနာဂတ်မှာဖြစ်လာနိုင်တဲ့ တန်ဖိုးထားမှု
၃. ကိုယ်နေထိုင်ချင်တဲ့ ဘဝပုံစံကို ရရှိပြီးထားသူများ

ဒီသုံးချက်ကို စဉ်းစားတယ်။ တန်ဖိုးထားမှုကို နှစ်ခုဘာကြောင့်ထားလဲဆိုရင် သူက ပြောင်းလဲတတ်တဲ့သဘောရှိတယ်။ လူငယ်ဘဝမှာသာ လွတ်လပ်မှုနဲ့ တိုးတက်မှုကိုတန်ဖိုးထားပေမယ့် အသက်၆၀ လောက်ရောက်ရင် သားသမီးတွေနဲ့ နွေးထွေးမှုက လိုလာနိုင်တယ်။ ဒီတော့ ကိုယ့်ရဲ့ compass ကိုသိဖို့အရေးကြီးသလို ကိုယ့်အရင် ဘိုးဘေးတွေအကြောင်းလဲလေ့လာကြည့်တယ်။ သူတို့ဘာအလုပ်တွေလုပ်တယ်။ ဘဝကိုဘယ်လိုဖြတ်သန်းတယ်ဆိုတာ။

ကိုယ်နေထိုင်ချင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပြန်စဉ်းစားကြည့်တယ်။ ဘယ်သူတွေကို အတုယူသင့်သလဲစဉ်းစားတယ်။ သူတို့ဘယ်လို လုပ်ခဲ့လဲ strategy တွေစဉ်းစားကြည့်တယ်။

=================================
၂. မသေခင်မဖြစ်မနေလုပ်ရမည့်အရာတွေကို list လုပ်ထားတယ်။
=================================

ကိုယ့်ဘဝမှာ မဖြစ်ဖြစ်အောင်လုပ်ချင်တဲ့အရာတွေကို ရေးထားပြီး တစ်ခုပြီးတစ်ခု tick လုပ်သွားတယ်။ အသစ်တွေလည်းဖြည့်ရတယ်။ ဒါဆို ဘဝက ပျင်းစရာကောင်းမနေတော့ဘူး။

=========
၃. ဝင်ငွေ
=========

သူကတော်တော်စကားပြောတယ်။ ကျွန်တော်တို့လို တတိယနိုင်ငံကလူတွေအတွက် နိုင်ငံကြီးတွေသွားဖို့ကလည်း Visa လျှောက်ရဘာရ အလုပ်နည်းနည်းရှုပ်တယ်။ သွားချင်တယ်ဆို ထသွားလို့မရတာကတေစ်ကြောင်း၊ ပိုင်ဆိုင်မှုပြရတာက တစ်ကြောင်း၊ ဝင်ငွေကတော်တော် အခရာကျပြန်တယ်။ ဒီတော့ Active Income, Passive Income တွေစုထားတဲ့ Multiple income stream လိုပြန်တယ်။ တွက်ချက်မှုကတော့ ကိုယ်တစ်လသုံးစာကိုတွက်ပြိး Passive income နဲ့ ဘယ်လို cover လုပ်မလဲစဉ်းစားကြည့်တယ်။

Marketer လုပ်ရတဲ့အားသာချက်က Income stream တစ်ခု generate လုပ်ဖို့ ငွေအများကြီးရင်းစရာမလိုဘူး။ ကိုယ်က product တစ်ခုကို သေချာလေ့လာရင် ဘယ်လို market လုပ်ရမလဲသိတယ်။ ဒါပေမယ့် challenging ဖြစ်ခဲ့တာ system တစ်ခု ဘယ်လိုတည်ဆောက်ရမလဲဆိုတာပဲ။

ဒီလိုလုပ်ဖို့ Car တစ်စီးရဲ့ Metaphor နဲ့ ပြောပြချင်တယ်။
၁. Car Body = Facebook Page
၂. Car engine = System
၃. Fuel = Content or Ads Dollar

ဒီ အစိတ်အပိုင်းသုံးခုမှာ Engine က တော်တော် အခရာကျတယ်။ ဒီ Engine တစ်ခုကို တည်ဆောက်ဖို့နဲ့နားလည်ဖို့ တော်တော်အချိန်ယူခဲ့ရတယ်။

ကျွန်တော်ကတော့ ဘဝရဲ့ Mission က ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို စူးစမ်းလေ့လာပြီး တခြားသူတွေကို အသိပညာပြန်လည်ဖြန့်ဝေပေးဖို့လို့ခံယူထားတယ်။

Phyo Paing @ Derek

Share Your Idea!​