ငယ်ငယ်က အလွတ်ကျက်ထားတဲ့အတိုင်း
“ယဿာနုဘာဝတော ယက္ခာ၊
နဝေ ဒဿန်ေတိ ဘီသနံ။”
ဆိုပြီး မေတ္တာသုတ်ကို ရွတ်တယ်။
လူချစ်လူခင်ပေါအောင်ရယ်၊
အန္တရာယ်ကင်းအောင်ရယ်ဆိုပြီး
ရွတ်တဲ့နေ့နဲ့ မရွတ်တဲ့နေ့
ကွာခြားချက် effectiveness ကို
မှတ်တမ်းတင်ခဲ့ဖူးတယ်။
နောက်ပိုင်းတဖြည်းဖြည်းနားလည်လာတာ
မေတ္တာဆိုတာ အဲ့လိုရွတ်ရတာ
တစ်ခုတည်းမဟုတ်ဘူး။
Compassion ဆိုတာ နှလုံးသားထဲက
လာတယ်ဆိုတာ ဆရာတော်
Thich Nhat Hanh ရဲ့ စာအုပ်တွေ
ဖတ်ရင်း အမြင်တွေပိုပွင့်လာတခဲ့တယ်။
Messenger ကွာသွားရင်
ပေးတဲ့ message ကွာသွားတတ်တယ်။
ဒါကြောင့် ကိုယ့်ကို message ပေးတဲ့သူကို
သေချာရွေးဖို့လိုသလို
ခေါင်းထဲမထည့်ခင် ပြန်ဆန်းစစ်ဖို့လိုတယ်။
Phyo Paing @ Derek