အိမ်က စားစရာမရှိတာကို
ကိုယ်ဝါသနာပါတာပဲလုပ်မယ်။
Follow your passion ဆိုရင်
ဒါက လက်တွေ့မကျတာပဲ။
ကိုယ့်ကိုကိုယ်တောင် မပြင်နိုင်ပဲ
သူများကို ပြင်ဖို့ကြိုးစားတာဟာ
လက်တွေ့ မကျတာပဲ။
ဆရာကြီး လုပ်ရတာက လွယ်တယ်။
ဟိုဟာလေးလုပ်လိုက်။
ဒီဟာလေးလုပ်လိုက်။
ပြောတော့တာ စာရွက်ပေါ်ဟုတ်နေတာ။
တကယ်လုပ်ဖို့တာ ခက်တာ။
အခြေခံပြည့်စုံလို့ အခြေခိုင်တဲ့အခါ
စိတ်ကူးယဉ်ဆန်တာ သဘာဝကျတယ်။
ပန်းချီမဆွဲတတ်သေးပဲ
ပန်းချီကားရေးဆွဲတဲ့ trend ကို
ပြောင်းမယ်ဆိုတာကတော့
ပန်းထိမ်မတတ်ခင် ရွှေခိုးသင်သလိုပဲ။
ကိုယ့်ကိုကိုယ်လဲ သတိအမြဲပေးတယ်။
စာအုပ်တွေထဲက လက်တွေ့ကျင့်သုံးလို့ရတာပဲယူ။
လက်တွေ့ > စိတ်ကူးယဉ်ဆန်
Realistic > Idealistic
Phyo Paing @ Derek