Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Success or Failure?

လူတစ်ယောက်ရဲ့ အနာဂတ်အလားအလာကို ကြည့်ဖို့ အချက် ၄ ချက်

၁. Problem Thinking Vs Outcome Thinking

ပြဿနာတွေကိုထိုင်စဉ်းစားနေသူလား? ဒါမှ မဟုတ်ရလဒ်တွေကို အဖြေရှာနေသူလည်း။ လုပ်ငန်းရှင်တစ်ယောက်ဆိုလည်း ဝန်ထမ်းတွေထဲမှာ ဒီလူက ပြဿနာတွေကို ထိုင်ပြောနေသူလား၊ အဖြေရှာသူလားကိုကြည့်ပြီး သူ့အနာဂတ်အလားအလာကို သိနိုင်သည်။ မဖြစ်ချင်တာတွေထိုင်စဉ်းစားစိတ်ညစ်မည့်အစား ငါဘာဖြစ်ချင်တာလည်းမေးခွန်းကိုမေးပါ။

၂. Past-Orientated Vs Future-Orientated

လူတစ်ယောက်ဟာ အတိတ်အကြောင်းပြန်ပြောတတ်သူလား၊ အနာဂတ်ကိုအာရုံစိုက်သူလား? အတိတ်ကိုသာပြန်ပြောနေရင် ကောင်းမွန်တဲ့အနာဂတ်တွေမဖန်တီးနိုင်ဘူး။ လူတစ်ယောက်နဲ့ စကားပြောကြည့်တဲ့အခါ အတိတ်ကရွှေထီးစောင်းခဲ့တဲ့အကြောင်းတွေကိုသာ ပြောနေရင် ဒီလူဟာ ကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်ဖို့ အားနည်းနိုင်တယ်။

၃. Circle of non-Control Vs Circle of Control

လူတစ်ယောက်ဟာ သူ့ရဲ့ထိန်းချုပ်မှုအပြင်မှာရှိတဲ့ အပြောင်းလဲလုပ်မရတာတွေကို အဓိက စဉ်းစားနေတာလား? ဥပမာ အသားအရည်၊ လုပ်ပိုင်ခွင့်ပြင်ပ၊ Budget သိုမဟုတ် သူ့လုပ်နိုင်တဲ့အတိုင်းအတာတွင်းမှာ အကောင်းဆုံးကြိုးစားလုပ်ဆောင်တာလား?

၄. Reactive Vs Proactive

လူတစ်ယောက်သည် တာဝန်ယူစိတ်ရှိသလား? ဒါမှမဟုတ် ဟိုလူ့အပြစ်တင် ဒီလူအပြစ်တင်လုပ်တတ်သလား?

လူအများစုဟာ အစိုးမရတဲ့အရာတွေကို ဆဲရင်းဆဲရင်းနဲ့ ဆင်းရဲဆင်းရဲသွားတယ်လို့ပြောကြတယ်။

Phyo Paing @ Derek

Share Your Idea!​